close

ပင်တဂွန်စစ်ဌာနချုပ်

close

May 4, 2023

ဖိလစ်ပိုင်သမ္မတ ပင်တဂွန်စစ်ဌာနချုပ်ဆီ အလည်အပတ်သွားရောက်

အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်ဆီကို အလည်အပတ် ရောက်လာတဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က မေလ ၃ ရက်က ကြိုဆိုချိန်မှာ ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးဖို့ ကတိပြုခဲ့ပါတယ်။

“အမေရိကန်သမ္မတ ဘိုင်ဒင်က ရှင်းရှင်းလင်းလင်း ပြောထားတဲ့အတိုင်း ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေးအတွက် ကျနော်တို့ရဲ့ ကတိကဝတ်က မဖြိုဖျက်နိုင်ဘဲ ခိုင်မြဲနေတယ်” လို့ အော်စတင်က ပြောပါတယ်။

“အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ်ဟာ တောင်တရုတ်ပင်လယ်က ဘယ်နေရာမဆို အပါအဝင် ပစိဖိတ်ဒေသထဲက ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ကမ်းခြေစောင့်သင်္ဘောတွေ၊ အများသုံးရေယာဉ်တွေ ဒါမှမဟုတ် လေယာဉ်တွေကို လက်နက်ကိုင်တိုက်ခိုက်တာတွေပါ အကျုံးဝင်တယ်ဆိုတာ ထပ်ပြန်ပြောပါရစေ” လို့ အော်စတင်က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နိုင်ငံရဲ့ ကမ်းခြေစောင့်တပ်တွေက နှောင့်ယှက်တာကို ရင်ဆိုင်ရချိန်မှာ ဖိလစ်ပိုင်ဘက်ကနေ ရပ်တည်ဖို့ အမေရိကန်က သူ့ရဲ့ကတိကဝတ်ကို သက်တမ်းတိုးလိုက်ချိန်မှာ အော်စတင်က ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

တောင်တရုတ်ပင်လယ်မှာ အန္တရာယ်ရှိတဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ရန်လိုတဲ့ နည်းဗျူဟာတွေ ဆောင်ရွက်ခဲ့တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်ကို ဧပြီ ၂၈ ရက်မှာ ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။

ဖိလစ်ပိုင်သင်္ဘောတွေက တမင်ရန်စတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ တရုတ်က ပြောပါတယ်။ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ အခိုင်အမာရပ်တည်မှုကို ပြန်လည်တွန်းလှန်ဖို့ နည်းလမ်းတွေရှာနေချိန်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ဟာ သူတို့ရဲ့ ဆက်ဆံရေးအတွက် ဆယ်စုနှစ်များစွာ သက်တမ်းရှိနေတဲ့ လုံခြုံရေးမဟာမိတ် ဖြစ်မှုကို မေလ ၁ ရက်က ထပ်အတည်ပြုခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူဒါတေ လက်ထက်က အမေရိကန်အစိုးရကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ရှုတ်ချရင်း တရုတ်ကို မျက်နှာချိုသွေးခဲ့လို့ အမေရိကန်နဲ့ ဖိလစ်ပိုင် ဆက်ဆံရေး ယိုယွင်းလာခဲ့ဖူးပါတယ်။

အမေရိကန်ဒုတိယသမ္မတ ကာမာလာ ဟားရစ်ဟာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ မေလ ၂ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

တရုတ်က ဖိအားပေးခံနေရတဲ့ တောင်တရုတ်ပင်လယ်မှာ မဟာမိတ်ဖိလစ်ပိုင်ကို ကာကွယ်ရေးအတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို အလေးပေးဖော်ပြဖို့ ကြိုးပမ်းခဲ့တာပါ။

မားကို့စ်က မကြာသေးမီက တရုတ်နိုင်ငံရဲ့ လုပ်ဆောင်မှုတွေကြောင့် “ခင်ဗျားစိုးရိမ်နိုင်သလောက် စိုးရိမ်နိုင်ပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို နှစ်နိုင်ငံစလုံး ပြန်လည်တွန်းလှန်ဖို့ ထိုင်ဝမ်နဲ့အတူ နည်းလမ်းတွေ ရှာဖွေနေချိန်မှာ နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ပြောင်းလဲသွားတဲ့ ခရီးစဉ်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့က လုံခြုံရေးမဟာမိတ်ကို ထပ်အတည်ပြုပါတယ်။

ခေါင်းဆောင်တွေဟာ ပိုခိုင်မာတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းညွှန်ချက် အသစ်တွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ သဘောတူမယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

11 mins Ago

April 11, 2023

ရုရှား-ယူကရိန်း ပဋိပက္ခတွင် အမေရိကန်စွက်ဖက်မှု ပင်တဂွန်စစ်ဌာနချုပ် မှတ်တမ်းများ ပေါက်ကြား

အမေရိကန်ဟာ ရုရှား-ယူကရိန်း ပဋိပက္ခမှာ ဘယ်လောက် နက်နက်နဲနဲ စွက်ဖက်ခဲ့တယ်ဆိုတဲ့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ လျှို့ဝှက်မှတ်တမ်းတွေ ပေါက်ကြားလာတဲ့အကြောင်း The New York Times သတင်းစာက ဧပြီလ ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။ 

မကြာသေးမီရက်တွေအတွင်း၊ ယူကရိန်းနဲ့ ပတ်သက်တဲ့ နေတိုးစစ်ဘက်ဆိုင်ရာ အချက်အလက်တွေကို အမျိုးအစားခွဲထားပုံရတဲ့၊ ဖုန်းနဲ့ ကွန်ပြူတာ မျက်နှာပြင်ကို ဓာတ်ပုံရိုက်ထားတဲ့ စခရင်ရှော့ပုံတွေကို လူမှုမီဒီယာ အင်တာနက်စာမျက်နှာတွေ ပေါ်မှာ တွေ့ခဲ့တာပါ။

ဒီပစ္စည်းတွေထဲမှာ ယူကရိန်းစစ်တပ်အင်အားနဲ့ လက်နက်ဖွဲ့စည်းပုံတွေ၊ စစ်မြေပြင်မြေပုံတွေ၊ နှစ်ဖက်စလုံးက အသေအပျောက်စာရင်းတွေနဲ့ ထိပ်တန်းလျှို့ဝှက်မှတ်သားထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ ပါပါတယ်။ 

မကြာသေးမီက တယောက်ယောက်ဟာ လျှို့ဝှက်စစ်ရေးဆိုင်ရာ စာရွက်စာတမ်း ၁၀၀ ကျော်ကို ဆိုရှယ်မီဒီယာ စာမျက်နှာအများအပြားမှာ တင်ခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေလည်း အင်တာနက် စာမျက်နှာတွေပေါ်မှာ ပေါ်ထွက်နေခဲ့တယ်လို့ ကြာသပတေးနေ့ထုတ် The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေ မှန်ကန်ကြောင်း သက်သေပြနိုင်ရင် အမေရိကန်ဟာ ပဋိပက္ခမှာ ပိုပါလာနေပြီး အရင်ကသိထားတာထက် ယူကရိန်းထောက်လှမ်းရေးကို ပိုထောက်ပံ့ကူညီထားတယ်လို့ သတင်းစာက ဖော်ပြပါတယ်။

စာရွက်စာတမ်းတချို့ဟာ အသေးစိတ် တံဆိပ်တပ်ထားပြီး ရက်စွဲမတူတဲ့ စစ်မြေပြင်မြေပုံတွေရဲ့ ဓာတ်ပုံတွေပါ။ ဓာတ်ပုံတွေမှာ တပ်ထားတဲ့ အချိန်ဟာ ငါးပတ်လောက် ကြာမြင့်ပြီး နောက်ဆုံးရက်စွဲမှာ မတ်လ ၁ ရက်ဖြစ်ပါတယ်။

3 weeks Ago
Up