close

ပစ်ခတ်မှုဖြစ်ပွား

close

April 15, 2022

မြစ်ကြီးနား လမ်းလျှောက်သင်္ကြန်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကခုန်ပျော်ပါးနေသူများ ထွက်ပြေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လမ်းလျှောက်သင်္ကြန်ပြုလုပ်တဲ့ ပြည်သူ့အားကစားကွင်း(ပြည်သူ့ရင်ပြင်)မှာ ဧပြီ ၁၅ သင်္ကြန်အကြတ်နေ့ ညနေပိုင်းက  ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ပျော်ပါးနေသူတွေ ဝရုန်းသုန်းကားထွက်ပြေးခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

"ညနေ ၅ နာရီလောက်က  ကားတစ်စီးပေါ်ကနေ ဆင်းပြီးပစ်တာ။  သေနတ်ပစ်တော့ ကနေသူတွေလည်း ထွက်ပြေးတာတန်းနေတာပဲ။ သေနတ်ပစ်ခတ်မှုဖြစ်ပြီးတော့ ကတဲ့လူလည်း တစ်ယောက်မှ မရှိတော့ဘူး "လို့ ပြောပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလါရောက်ပစ်ခတ်တယ်ဆိုတာနဲ့ ထိခိုက်သေဆုံးတာရှိမရှိကို တော့ တိတိကျကျ မသိရသေးပါဘူး။

သင်္ကြန်ကာလ စစ်ကောင်စီစီစဉ်ထားတဲ့ ပြည်သူ့ရင်ပြင်အားကစားကွင်းရေကစားမဏ္ဍပ်မှာ လုံခြုံရေးအစောင့်အကျပ်များစွာနဲ့ ရေကစား ကခုန်သူတွေရှိပြီး မြို့ထဲမှာတော့ ကလေးတချို့က လွဲပြီး သင်္ကြန်ရေကစားကြသူမရှိပါဘူး။

6 mins Ago

December 16, 2021

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာမှာ ဒီဇင်ဘာ ၁၆ ရက် ညနေ ၃ နာရီလောက်က  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ နယ်မြေကျော်လာတဲ့ စစ်ကောင်စီတပ်တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အင်အား ၁၀  ယောက်လောက် ပါတဲ့ စစ်ကောင်စီတပ်က ကားတစ်စီးဟာ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပုလိန်ကျေးရွာထဲကို နယ်မြေကျော်ပြီး ရောက်ရှိလာခဲ့တဲ့အတွက်ကြောင့် KNLA တပ်မဟာ ၆ နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

နှစ်ဖက် အပြန်အလှန်  ပစ်ခတ်မှုဖြစ်ပြီးနောက် ပြန်ထွက်မရတဲ့အတွက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ပုလိန်ကျေးရွာအနီးက အဘစ်ကျေးရွာရှိ တောထဲ တစ်နေရာမှာ ပုန်းခိုနေတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်ပြီးနောက် ပုလိန်ကျေးရွာဒေသခံတွေက တိုက်ပွဲ ထပ်ဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ ကြား နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန်းဝင်းထွန်း အပါအဝင် ၇ ဦး သေဆုံးခဲ့ပါတယ်။

4 months Ago
Up