close

ပစ်ခတ်မှုဖြစ်

close

April 20, 2023

ပုသိမ်ကြီးမြို့နယ် မြကန်သာစျေးတွင် ပစ်ခတ်မှုဖြစ်၊ အရာခံဗိုလ် ၁ ဦးသေဆုံး

ပုသိမ်ကြီးမြို့နယ် မြကန်သာစျေးမှာ စျေးဝယ်ထွက်လာတဲ့ အရာခံဗိုလ်အပါအဝင် ၃ ဦး ဒီနေ့မနက် ၇ နာရီခွဲက ပစ်ခတ်ခံရတာကြောင့် အရာခံဗိုလ်သေဆုံးပြီး တပ်ကြပ်ကြီး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြကန်သာကျေးရွာအုပ်ချုပ်ရေးမှုးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ အရာခံဗိုလ်အပါအဝင် ၃ ဦးမှာ  ဒီနေ့ မနက်က မြကန်သာစျေးမှာ စျေးထွက်ဝယ်ရင်း ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။

"စျေးထဲကို သေနတ်တွေကိုင်ပြီး စျေးလာဝယ်တဲ့အချိန် Light truck ကားပေါ်ကနေ ပစ်သွားတာ။ အရာခံဗိုလ်သေတယ်၊ တပ်ကြပ်ကြီး ဒဏ်ရာရတယ်" လို့ ပြောတယ်။

သေဆုံးသူ အရာခံဗိုလ်အောင်မြင့်နဲ့ ဒဏ်ရာရရှိသူတပ်ကြပ်ကြီး သိန်းထူးတို့မှာ အမှတ် ၇၆ ခြေလျင်တပ်ရင်းမှဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဆိုပါပစ်ခတ်မှုမှာ ပစ်ခတ်သူတွေဟာ  Light truck ကားပေါ်မှာ သင်္ကန်းများဝတ်ဆင်ပြီး ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီဘက်က ပြောပါတယ်။

လက်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ် မြို့ဝင်ဂိတ်တွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

13 hours Ago

April 12, 2023

အိန္ဒိယနယ်စပ် ပန်ဂျပ်ပြည်နယ်ရှိ စစ်စခန်း ၁ ခုတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၄ ဦးသေ

အိန္ဒိယနယ်စပ် ပန်ဂျပ်ပြည်နယ်ရှိ စစ်စခန်းတစ်ခုမှာ ဧပြီလ ၁၂ ရက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ စစ်သား ၄ ဦး သေဆုံးသွားပြီး လွတ်မြောက်နေတဲ့ သေနတ်သမားတွေကို ရှာဖွေနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အရေအတွက် အတိအကျ မပြောနိုင်တဲ့ သေနတ်သမား အများအပြားဟာ ဘာသင်းဒါ စစ်စခန်းမှာ လွတ်မြောက်နေပြီး သူတို့မှာ လက်နက်ခဲယမ်းတွေလည်း ပါရှိကြောင်း ကာကွယ်ရေး သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။

ဒီအဖြစ်အပျက်ဟာ အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ကြောင်းနဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ မနက် ၄ နာရီ ၃၅ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ပန်ဂျဘ်ပြည်နယ်မှ အကြီးတန်း ရဲအရာရှိ ပါရ်မာရ် က ရိုက်တာစ်ကို ပြောပါတယ်။ 

နယ်မြေကို အလျင်အမြန် ပိတ်ဆို့ထားပြီး ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း စစ်တပ်က ထုတ်ပြန်ပါတယ်။

မနေ့ မနက် နှောင်းပိုင်းမှာတော့ ရဲအတားအဆီးတွေ ဝိုင်းထားတဲ့ စခန်းထဲက ရဲကားတွေကို ဆွဲထုတ်လာတာကို မြင်တွေ့ရပါတယ်။

ဒီစစ်တပ်အခြေစိုက်စခန်းဟာ နယူးဒေလီမြို့ အနောက်မြောက်ဘက် ၂၈၀ ကီလိုမီတာလောက်မှာ တည်ရှိတဲ့ လူနေစခန်းတစ်ခုဖြစ်ပြီး စစ်သားတွေရဲ့ မိသားစုတွေ အများစု နေထိုင်ကြပါတယ်။

1 week Ago
Up