close

ပစ်မှတ်

close

October 30, 2022

မဲရုံများ အစွန်းရောက်သမားများ၏ ပစ်မှတ်ဖြစ်လာနိုင်ဟု နယူးယောက်ရဲဌာန သတိပေး

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရဲဌာနက အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲတွေ မတိုင်မီ အပြင်းအထန် သတိထားဖို့ တောင်းဆိုခဲ့ပြီး အစွန်းရောက် သမားတွေဟာ နိုင်ငံရေး အခမ်းအနား တွေနဲ့ မဲရုံတွေကို ပစ်မှတ်ထားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ 

မဲရုံလုပ်သားတွေ၊ ဆန္ဒဖော်ထုတ်သူတွေနဲ့ နိုင်ငံရေး ကိုယ်စားလှယ်လောင်းတွေဟာ နိုဝင်ဘာ ၈ ရက် ရွေးကောက် ပွဲမတိုင်မီ တိုက်ခိုက်ခံရနိုင်ခြေ မြင့်မားနေတယ်ဆိုတဲ့ ရဲဌာနက အောက်တိုဘာ ၂၆ ရက် ထုတ်ပြန်ချက်ကို ကိုးကားပြီး ABC နဲ့ CNN သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ခုအချိန်မှာ ရဲတပ်ဖွဲ့က ယုံကြည်ရလောက်တဲ့ ခြိမ်းခြောက်မှုမျိုး မရှိပေမယ့် တိုက်ခိုက်မှု ဒါမှမဟုတ် ခြိမ်းခြောက်မှုအန္တရာယ်ကို အာရုံစိုက်နေတယ်လို့ သတင်းလွှာက အလေးပေးဖော်ပြ ခဲ့ပါတယ်။ 

ရာဇ၀တ်မှုနှုန်းတွေ မြင့်တက်လာတာဟာ နယူးယောက်နဲ့ နိုင်ငံတဝန်းက မဲဆန္ဒရှင်တွေအတွက် ထိပ်တန်းရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တခု ဖြစ်လာခဲ့တာပါ။ 

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဒီမိုကရက်ပါတီဝင် ကေသီ ဟိုချူးနဲ့   ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီကိုယ်စားလှယ် လီဇယ်လ်ဒင်တို့ကြား စကားစစ်ထိုးပွဲ အတွင်း အများပြည်သူ ဘေးကင်းလုံခြုံရေးကို ခုသီတင်းပတ်မှာ အဓိက ဆွေးနွေးခဲ့ကြပါတယ်။

ဇူလိုင်လမှာ ဇယ်လ်ဒင်ဟာ မဲဆွယ်မိန့်ခွန်း ပြောနေတုန်း အမျိုးသားတစ်ဦးက စင်မြင့်ပေါ်တက်ပြီး ဓားနဲ့ထိုးဖို့ ကြိုးစား ခဲ့ပါတယ်။ ဇယ်လ်ဒင်ဟာ မထိခိုက်ခဲ့ဘဲ တိုက်ခိုက်သူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

13 hours Ago

October 17, 2022

ယူကရိန်းရှိ ပစ်မှတ်အားလုံးနီးပါးကို ပစ်ခတ်နိုင်ခဲ့ဟု ရုရှားပြော

ယူကရိန်းစစ်တပ်၊ ဆက်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အတိအကျ ချိန်ရွယ် ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ သတ်မှတ်ထားတဲ့ ပစ်မှတ်အားလုံးကို ထိမှန်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။

ရုရှားအစိုးရက သူ့ရဲ့ အထူး စစ်ဆင်ရေးအဖြစ် ပထမဆုံး သီတင်းပတ်တွေ ကတည်းက ခုထိ ယူကရိန်းအပေါ် အကြီးမားဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ပြီး ဒုံးကျည်ပစ်လွှတ်ရတဲ့ ရည်မှန်းချက်တွေ အောင်မြင်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

ယူကရိန်းအစိုးရက ရုရှားကို အကြမ်းဖက်ဝါဒီလို့ စွပ်စွဲပါတယ်။  လမ်းပေါ်မှာ လူအသွားအလာ များချိန် ဒုံးကျည်တွေ ပစ်ခတ်တာဟာ လူအများကို သတ်ဖို့ တမင်အချိန်ကိုက် တိုက်ခိုက်မှုလို့လည်း ပြောခဲ့ပါတယ်။

2 weeks Ago
Up