ယူကရိန်းရှိ ပစ်မှတ်အားလုံးနီးပါးကို ပစ်ခတ်နိုင်ခဲ့ဟု ရုရှားပြော

ယူကရိန်းစစ်တပ်၊ ဆက်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အတိအကျ ချိန်ရွယ် ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ သတ်မှတ်ထားတဲ့ ပစ်မှတ်အားလုံးကို ထိမှန်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
ရုရှားအစိုးရက သူ့ရဲ့ အထူး စစ်ဆင်ရေးအဖြစ် ပထမဆုံး သီတင်းပတ်တွေ ကတည်းက ခုထိ ယူကရိန်းအပေါ် အကြီးမားဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ပြီး ဒုံးကျည်ပစ်လွှတ်ရတဲ့ ရည်မှန်းချက်တွေ အောင်မြင်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
ယူကရိန်းအစိုးရက ရုရှားကို အကြမ်းဖက်ဝါဒီလို့ စွပ်စွဲပါတယ်။ လမ်းပေါ်မှာ လူအသွားအလာ များချိန် ဒုံးကျည်တွေ ပစ်ခတ်တာဟာ လူအများကို သတ်ဖို့ တမင်အချိန်ကိုက် တိုက်ခိုက်မှုလို့လည်း ပြောခဲ့ပါတယ်။