close

ပန်ဂျပ်ပြည်နယ်

close

April 12, 2023

အိန္ဒိယနယ်စပ် ပန်ဂျပ်ပြည်နယ်ရှိ စစ်စခန်း ၁ ခုတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၄ ဦးသေ

အိန္ဒိယနယ်စပ် ပန်ဂျပ်ပြည်နယ်ရှိ စစ်စခန်းတစ်ခုမှာ ဧပြီလ ၁၂ ရက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ စစ်သား ၄ ဦး သေဆုံးသွားပြီး လွတ်မြောက်နေတဲ့ သေနတ်သမားတွေကို ရှာဖွေနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အရေအတွက် အတိအကျ မပြောနိုင်တဲ့ သေနတ်သမား အများအပြားဟာ ဘာသင်းဒါ စစ်စခန်းမှာ လွတ်မြောက်နေပြီး သူတို့မှာ လက်နက်ခဲယမ်းတွေလည်း ပါရှိကြောင်း ကာကွယ်ရေး သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။

ဒီအဖြစ်အပျက်ဟာ အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ကြောင်းနဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ မနက် ၄ နာရီ ၃၅ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ပန်ဂျဘ်ပြည်နယ်မှ အကြီးတန်း ရဲအရာရှိ ပါရ်မာရ် က ရိုက်တာစ်ကို ပြောပါတယ်။ 

နယ်မြေကို အလျင်အမြန် ပိတ်ဆို့ထားပြီး ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း စစ်တပ်က ထုတ်ပြန်ပါတယ်။

မနေ့ မနက် နှောင်းပိုင်းမှာတော့ ရဲအတားအဆီးတွေ ဝိုင်းထားတဲ့ စခန်းထဲက ရဲကားတွေကို ဆွဲထုတ်လာတာကို မြင်တွေ့ရပါတယ်။

ဒီစစ်တပ်အခြေစိုက်စခန်းဟာ နယူးဒေလီမြို့ အနောက်မြောက်ဘက် ၂၈၀ ကီလိုမီတာလောက်မှာ တည်ရှိတဲ့ လူနေစခန်းတစ်ခုဖြစ်ပြီး စစ်သားတွေရဲ့ မိသားစုတွေ အများစု နေထိုင်ကြပါတယ်။

10 mins Ago

September 24, 2019

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင်  ကလေးသူငယ်များ ပြန်ပေးဆွဲသတ်ဖြတ်ခံနေရ

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်  ချူနီယန်မြို့မှာ ကလေးသူငယ်တွေ ပြန်ပေးဆွဲ သတ်ဖြတ်ခံရတာတွေနဲ့ ကြုံတွေ့နေပါတယ်။ ခရိုင်တခုမှာ ပျောက်ဆုံးနေတဲ့  ကလေး ၃ ဦးရဲ့ ရုပ်အလောင်းတွေကို  တွေ့ပြီးနောက်မှာ သံသယ ရှိသူ ၁၂ ယောက်ကို  ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်နေ့မှာ ပြောပါတယ်။ အဲဒီခရိုင်ဟာ  မကြာသေးခင်နှစ်တွေအတွင်း  ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်    ပြန်ပေးဆွဲမှု အများအပြား ဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲမှာ ၈ နှစ်အရွယ်  ယောက်ျားလေးတဦးဟာ အစ်ကိုဖြစ်သူနဲ့  ဈေးသွားဝယ်ရင်း နှစ်ယောက်စလုံး ပျောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရုပ်အလောင်းကို   နောက်ယောက်ျားလေး နှစ်ဦးရဲ့ ရုပ်အလောင်းတွေနဲ့အတူ စက်မှုအိမ်ရာတခုရဲ့ လူပြတ်တဲ့န နေရာမှာ တွေ့ရှိခဲ့ပါတယ်။ ကလေးငယ် မိခင်ကလည်း လူမဆန်စွာ အသတ်ခံရတဲ့ သားဖြစ်သူအတွက်  တရားမျှတမှု လိုချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီနှစ်လယ်ပိုင်းကလည်း အဲဒီဒေသမှာ နောက်ထပ် ကလေးငယ် ၃ ဦး ပျောက်ဆုံးခဲ့ပြီး အဲဒီကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ပြီးနောက်မှာ နောက်ကလေးငယ်တဦး ပျောက်ခဲ့တယ်လို့  ဒေသမီဒီယာက ပြောကြားပါတယ်။ ကလေးငယ်တွေ ပြန်ပေးဆွဲ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က  ရာနဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မိဘတွေကလည်း သူတို့ကလေးငယ်တွေရဲ့ လုံခြုံရေးကို စိုးရိမ်နေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ပါကစၥတန္ႏိုင္ငံ ပန္ဂ်ပ္ျပည္နယ္တြင္  ကေလးသူငယ္မ်ား ျပန္ေပးဆြဲသတ္ျဖတ္ခံေနရ ပါကစၥတန္ႏိုင္ငံအေရွ႕ပိုင္း ပန္ဂ်ပ္ျပည္နယ္  ခ်ဴနီယန္ၿမိဳ႕မွာ ကေလးသူငယ္ေတြ ျပန္ေပးဆြဲ သတ္ျဖတ္ခံရတာေတြနဲ႔ ႀကဳံေတြ႕ေနပါတယ္။ ခ႐ိုင္တခုမွာ ေပ်ာက္ဆုံးေနတဲ့  ကေလး ၃ ဦးရဲ႕ ႐ုပ္အေလာင္းေတြကို  ေတြ႕ၿပီးေနာက္မွာ သံသယ ရွိသူ ၁၂ ေယာက္ကို  ဖမ္းဆီးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က စက္တင္ဘာလ ၂၃ ရက္ေန႔မွာ ေျပာပါတယ္။ အဲဒီခ႐ိုင္ဟာ  မၾကာေသးခင္ႏွစ္ေတြအတြင္း  ကေလးသူငယ္ ညႇဥ္းပန္းႏွိပ္စက္    ျပန္ေပးဆြဲမႈ အမ်ားအျပား ျဖစ္ပြားခဲ့ပါတယ္။ အဲဒီထဲမွာ ၈ ႏွစ္အ႐ြယ္  ေယာက္်ားေလးတဦးဟာ အစ္ကိုျဖစ္သူနဲ႔  ေဈးသြားဝယ္ရင္း ႏွစ္ေယာက္စလုံး ေပ်ာက္သြားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ သူ႔႐ုပ္အေလာင္းကို   ေနာက္ေယာက္်ားေလး ႏွစ္ဦးရဲ႕ ႐ုပ္အေလာင္းေတြနဲ႔အတူ စက္မႈအိမ္ရာတခုရဲ႕ လူျပတ္တဲ့န ေနရာမွာ ေတြ႕ရွိခဲ့ပါတယ္။ ကေလးငယ္ မိခင္ကလည္း လူမဆန္စြာ အသတ္ခံရတဲ့ သားျဖစ္သူအတြက္  တရားမွ်တမႈ လိုခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။ ဒီႏွစ္လယ္ပိုင္းကလည္း အဲဒီေဒသမွာ ေနာက္ထပ္ ကေလးငယ္ ၃ ဦး ေပ်ာက္ဆုံးခဲ့ၿပီး အဲဒီကေလးငယ္ေတြရဲ႕ ႐ုပ္အေလာင္းေတြ ျပန္ေတြ႕ၿပီးေနာက္မွာ ေနာက္ကေလးငယ္တဦး ေပ်ာက္ခဲ့တယ္လို႔  ေဒသမီဒီယာက ေျပာၾကားပါတယ္။ ကေလးငယ္ေတြ ျပန္ေပးဆြဲ သတ္ျဖတ္ခံရတာနဲ႔ ပတ္သက္လို႔ ၿပီးခဲ့တဲ့ သီတင္းပတ္က  ရာနဲ႔ခ်ီတဲ့လူေတြ ဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ မိဘေတြကလည္း သူတို႔ကေလးငယ္ေတြရဲ႕ လုံၿခဳံေရးကို စိုးရိမ္ေနၾကတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
4 years Ago
Up