close

ပန်ဝါ

close

July 14, 2021

ကိုဗစ်-၁၉ ကြောင့် ကချင်အထူးဒေသ အ၀င်ဂိတ်များ ယာယီပိတ်

ကချင်အထူးဒေသ ၁ နယ်မြေတွေဖြစ်တဲ့ ပန်ဝါ၊ ဖီမော အစရှိတဲ့ ဝင်ပေါက်တွေကို ယာယီပိတ်သွားမှာဖြစ်တယ်လို့  ဒေသတည်ငြိမ်ဖွံ့ဖြိုးအုပ်ချုပ်ရေးကော်မတီက ဇူလိုင် ၃ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကချင်အထူးဒေသ ၁ နဲ့ ထိစပ်နေတဲ့  မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့မှာ ကိုဗစ်တတိယလှိုင်း ရောဂါစတင်ဖြစ်ပွားလာလို့ ချီဖွေနဲ့ ဆော့လော်မြို့နယ်ရှိပြည်သူတွေ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ဖို့ အရေးကြီးသောကာလ ဖြစ်တာကြောင့် ယခုလို ယာယီပိတ်ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အတည်ပြုလူနာမရှိသေးသော်ပေမဲ့ ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ချီဖွေနဲ့ ဆော့လော်မြို့နယ်တို့မှာ ဆရာ၀န်နဲ့ ကျန်းမာရေး၀န်ထမ်းတွေအပြင် ဆေးဝါး  လုံလောက်မှုမရှိဖြစ်နေပြီး ကုသရေးပိုင်းမှာ များစွာခက်ခဲလာနိုင်လို့ ကြိုတင်ကာကွယ်တာလို့ ဖော်ပြချက်အရသိရပါတယ်။ 

ဒါပေမဲ့ အရေးကြီး ခရီးသွားလိုပါက ကျန်းမာရေးကင်းရှင်းကြောင်း ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ပြသပြီး သွားလာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကချင်အထူးဒေသ ၁ နယ်မြေများအနက် ပန်ဝါမြို့မှာ သတ္တုတူးဖော်မှုတွေကြောင့် အလုပ်သွားရောက်လုပ်ကိုင် သူများပြားကာ ပန်ဝါ သို့သွားမယ့်သူတွေကို ချီဖွေမြို့မှ ၄ မိုင်အကွာရှိ ဒေသအခေါ် ၄ မိုင်ဂိတ်ကနေ  စစ်ဆေးကာ ပြန်လွှတ်နေပါတယ်။

29 seconds Ago
Up