close

ကိုဗစ်-၁၉ ကြောင့် ကချင်အထူးဒေသ အ၀င်ဂိတ်များ ယာယီပိတ်

ကချင်အထူးဒေသ ၁ နယ်မြေတွေဖြစ်တဲ့ ပန်ဝါ၊ ဖီမော အစရှိတဲ့ ဝင်ပေါက်တွေကို ယာယီပိတ်သွားမှာဖြစ်တယ်လို့  ဒေသတည်ငြိမ်ဖွံ့ဖြိုးအုပ်ချုပ်ရေးကော်မတီက ဇူလိုင် ၃ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကချင်အထူးဒေသ ၁ နဲ့ ထိစပ်နေတဲ့  မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့မှာ ကိုဗစ်တတိယလှိုင်း ရောဂါစတင်ဖြစ်ပွားလာလို့ ချီဖွေနဲ့ ဆော့လော်မြို့နယ်ရှိပြည်သူတွေ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ဖို့ အရေးကြီးသောကာလ ဖြစ်တာကြောင့် ယခုလို ယာယီပိတ်ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အတည်ပြုလူနာမရှိသေးပေမဲ့ ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ချီဖွေနဲ့ ဆော့လော်မြို့နယ်တို့မှာ ဆရာ၀န်နဲ့ ကျန်းမာရေး၀န်ထမ်းတွေအပြင် ဆေးဝါး  လုံလောက်မှုမရှိဖြစ်နေပြီး ကုသရေးပိုင်းမှာ များစွာခက်ခဲလာနိုင်လို့ ကြိုတင်ကာကွယ်တာလို့ ဖော်ပြချက်အရသိရပါတယ်။ 

ဒါပေမဲ့ အရေးကြီး ခရီးသွားလိုပါက ကျန်းမာရေးကင်းရှင်းကြောင်း ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ပြသပြီး သွားလာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကချင်အထူးဒေသ ၁ နယ်မြေများအနက် ပန်ဝါမြို့မှာ သတ္တုတူးဖော်မှုတွေကြောင့် အလုပ်သွားရောက်လုပ်ကိုင် သူများပြားကာ ပန်ဝါ သို့သွားမယ့်သူတွေကို ချီဖွေမြို့မှ ၄ မိုင်အကွာရှိ ဒေသအခေါ် ၄ မိုင်ဂိတ်ကနေ  စစ်ဆေးကာ ပြန်လွှတ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up