close

ပန်းချီပြပွဲ

close

September 7, 2022

‌မြောက်ကိုရီးယားတွင် နိုင်ငံလုံးဆိုင်ရာ ပန်းချီပြပွဲ ဖွင့်လှစ်

မြောက်ကိုရီးယားနိုင်ငံမှာ ပြုံယမ်းအနုပညာတက္ကသိုလ် တည်ထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၅ ရက်က နိုင်ငံလုံးဆိုင်ရာ ပန်းချီပြပွဲ ဖွင့်လှစ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA က ထုတ်လွှင့်တဲ့ရုပ်သံဗွီဒီယိုမှာတော့  အော့ဂ်လျူပြပွဲခန်းမမှာ လာရောက်ကြည့်ရှုသူတွေနဲ့ ကျောင်းသားတွေကို မြင်တွေ့ရပါတယ်။

ပြပွဲမှာတော့ တက္ကသိုလ်ဆရာတွေနဲ့ ကျောင်းသားတွေ ဖန်တီးထားတဲ့ အမျိုးမျိုးသော အနုပညာလက်ရာ ၇၀၀ ကျော်ကို ပြသထားတယ်လို့ KCNA သတင်းဌာနက ကြေညာသွားပါတယ်။

10 mins Ago

January 26, 2022

"365 Days Later " ပန်းချီပြပွဲ ဘန်ကောက်တွင်ကျင်းပမည်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့  "365 Days Later " (၃၆၅ ရက်ကြာပြီးနောက်)   လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲတခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပဖို့ရှိပါတယ်။

ပန်းချီပြပွဲကို SEM-Spirit in Education Movement က စီစဉ်တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့  ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၂ ခုနှစ် ညနေ ၄ နာရီကနေ ဖေဖော်ဝါရီ ၂၇ ရက်အထိပြုလုပ်သွားမှာပါ။ 

ပန်းချီပြပွဲမှာ ထိုင်းနဲ့ မြန်မာပန်းချီဆရာတွေ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပြသသွားမယ်လို့ SEM က ကြေညာထားပါတယ်။

မြန်မာနိုင်ငံအာဏာသိမ်းပြီးနောက် ၃၆၅ ရက်အကြာအထိ မြန်မာပြည်သူတွေရဲ့ အရှုံးမပေးတဲ့ ခံယူချက်နဲ့ စစ်အာဏာရှင်ကို သတ္တိရှိရှိရင်ဆိုင်ခဲ့တဲ့  ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ အနုပညာပြပွဲလည်း ဖြစ်ပါတယ်။

ပန်းချီကားတွေ အပြင် နွေဦးတော်လှန်ရေးကာလ ဓာတ်ပုံတချို့နဲ့ မှတ်တမ်းရုပ်ရှင်တိုကလေးတွေလည်း ပြသထားမှာပါ။

ပြပွဲနေရာကတော့ Bangkok Art and Culture Center (BACC၊ Pathumwan Intersection) ဖြစ်ပြီး အဆောက်အအုံ တတိယထပ် လျှောက်လမ်းနဲ့ ပထမထပ်ရှိ အခန်းနံပါတ် ၁၀၄ မှာ ပန်းချီကားတွေ ချိတ်ဆွဲခင်းကျင်းပြသထားမှာဖြစ်ပါတယ်။

7 months Ago
Up