မြောက်ကိုရီးယားတွင် နိုင်ငံလုံးဆိုင်ရာ ပန်းချီပြပွဲ ဖွင့်လှစ်

4
မြောက်ကိုရီးယားနိုင်ငံမှာ ပြုံယမ်းအနုပညာတက္ကသိုလ် တည်ထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၅ ရက်က နိုင်ငံလုံးဆိုင်ရာ ပန်းချီပြပွဲ ဖွင့်လှစ်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA က ထုတ်လွှင့်တဲ့ရုပ်သံဗွီဒီယိုမှာတော့ အော့ဂ်လျူပြပွဲခန်းမမှာ လာရောက်ကြည့်ရှုသူတွေနဲ့ ကျောင်းသားတွေကို မြင်တွေ့ရပါတယ်။
ပြပွဲမှာတော့ တက္ကသိုလ်ဆရာတွေနဲ့ ကျောင်းသားတွေ ဖန်တီးထားတဲ့ အမျိုးမျိုးသော အနုပညာလက်ရာ ၇၀၀ ကျော်ကို ပြသထားတယ်လို့ KCNA သတင်းဌာနက ကြေညာသွားပါတယ်။