close

ပရဟိတအဖွဲ့ဝင်

close

February 14, 2022

ကံပေါက်ဒေသက ပရဟိတအဖွဲ့ဝင် ၁ ဦး ထပ်မံ ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာမှာနေထိုင်တဲ့ ပရဟိတအသင်းကားမောင်းသူ အမျိုးသားတယောက်ကို ကံပေါက်တိုက်နယ် ဆေးရုံမှာ ညအိပ်စောင့်နေတဲ့အချိန် စစ်ကောင်စီက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပရဟိတ ကားမောင်းသူ ကိုတိုးအောင်နဲ့ ကိုနိုင်ဝေထွန်းတို့နှစ်ယောက်ကို  ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ဖြစ်ပြီး အဲဒီထဲက ကိုနိုင်ဝေထွန်းကိုတော့ ခံဝန်ကတိလက်မှတ်ထိုးစေကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုတိုးအောင်ကိုအရင် ဆန္ဒပြပွဲတွေတုန်းက ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပထမတစ်ကြိမ်ဖမ်းဆီးခဲ့ဖူးပြီး အခုတစ်ကြိမ်ကတော့ ဘာကြောင့် ဖမ်းဆီးသွားလဲဆိုတာ မသိရဘူးလို့ အမည်မဖော်လိုတဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုတိုးအောင်ကို စစ်တပ်က ၂၀၂၁ ဧပြီလမှာ တကြိမ်ဖမ်းဆီးပြီး ပုဒ်မ ၁၈၈ နဲ့ ထောင်တလချကာ ပြန်လွတ်လာပြီးနောက်  အခုဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးတစ်ပတ်မှာလည်း ကံပေါက်ကျေးရွာ မြသီတာရပ်ကွက်က ဒေသခံတယောက်ကို  စစ်တပ်က ခေါ်ယူစစ်ဆေးပြီး ဒီနေ့အချိန်အထိ ပြန်လွှတ်မပေးသေးပါဘူး။

48 seconds Ago

August 1, 2021

မကွေးမြို့၌ တပတ်အတွင်း ပရဟိတအဖွဲ့ဝင် ၁၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ

မကွေးမြို့မှာ ဇူလိုင် ၂၅ ကနေ သြဂုတ်လ ၁ ရက်နေ့အထိ ပရဟိတ အဖွဲ့ဝင် ၁၃ ယောက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

မကွေးမြို့မှာ ကိုဗစ်ရောဂါအပါအဝင် လူနာတွေကို သယ်ပို့လုပ်နေတဲ့ KS လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် ၆ ယောက်နဲ့ ကူညီထောက်ပံ့တာတွေပြုလုပ်နေတဲ့ မကွေး ပရဟိတအဖွဲ့ဝင် ၇ ယောက် ကိုဗစ်ရောဂါကူးစက်ခံထားရပြီး ကူညီကယ်ဆယ်ရေးလမ်းကြောင်းတချို့ ရပ်နားထားရတယ်လို့ ခေမာလူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်က DVB ကို ပြောပါတယ်။

မကွေးမြို့က ကိုဗစ်ရောဂါပိုးတွေ့တဲ့ လူနာတွေကို ဆေးရုံပို့ဆောင်ပေးပေမယ့်လည်း ဆေးရုံတွေမှာ အောက်စီဂျင်မလုံလောက်တဲ့အတွက် အောက်ဆီဂျင်အိုး ပါမှသာ လက်ခံကုသပေးတာကြောင့် မြို့ပေါ်ကလူနာတွေဟာ မိမိနေအိမ်မှာပဲ အောက်ဆီဂျင် ရှူနေကြရတယ်လို့ ဆိုပါတယ်။

မကွေးမြို့ပေါ်မှာ အောက်ဆီဂျင်ခွဲတမ်းအတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လက်မှတ် လိုအပ်သလို တချို့က အောက်ဆီဂျင်အိုးရှိပေမယ့် လေ​မရှိဘူး၊ တချို့က လေရှိပြီးတော့ အိုးမရှိကြဘူးကြောင့် အောက်ဆီဂျင်အခက်ခဲတွေကြောင့် ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးရတယ်လို့ ပြောပါတယ်။

ပုဂ္ဂလိက ဆေးရုံတွေမှာတော့ အောက်ဆီဂျင်ရနိုင်ပေမယ့် အခြေခံလက်လုပ်လက်စားတွေအနေနဲ့ ဆေးကုသစရိတ် မတတ်နိုင်တာကြောင့် အောက်ဆီဂျင်အိုး ငှားရမ်းပြီးတော့ မိမိနေအိမ်မှာပဲ ဖြစ်သလို နေနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ပြည်သူ့အစိုးရလက်ထက်မှာတော့ ကွာရန်တင်းစင်တာတွေ စနစ်ကျထားရှိပြီးတော့ ရာအိမ်မှူး၊ ဆယ်အိမ်မှူတွေကအစ စျေးဝယ်ပေးတာတွေ လုပ်ဆောင်ပြီး Q ကနေ ထွက်မှ ပြန်ပေးရကာ ပရဟိတအဖွဲ့တွေကလည်း လက်တွဲညီညီနဲ့ လုပ်ဆောင်ပေးခဲ့တာကြောင့် အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အခု စစ်ကောင်စီလက်ထက် တတိယလှိုင်းမှာတော့ ပြည်သူလူထုကလည်း သူတို့ကို ဂရုမစိုက်သလို ပြည်သူကိုလည်း သူတို့က ဂရုမစိုက်ကြဘဲ စည်းကမ်းလိုက်နာမှုလည်း အားနည်းတာကြောင့် ရောဂါပိုးကူးစက်နှုန်းက ပိုမိုများပြားလာတာလို့ ဆိုပါတယ်။

7 months Ago
Up