close

ကံပေါက်ဒေသက ပရဟိတအဖွဲ့ဝင် ၁ ဦး ထပ်မံ ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာမှာနေထိုင်တဲ့ ပရဟိတအသင်းကားမောင်းသူ အမျိုးသားတယောက်ကို ကံပေါက်တိုက်နယ် ဆေးရုံမှာ ညအိပ်စောင့်နေတဲ့အချိန် စစ်ကောင်စီက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပရဟိတ ကားမောင်းသူ ကိုတိုးအောင်နဲ့ ကိုနိုင်ဝေထွန်းတို့နှစ်ယောက်ကို  ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ဖြစ်ပြီး အဲဒီထဲက ကိုနိုင်ဝေထွန်းကိုတော့ ခံဝန်ကတိလက်မှတ်ထိုးစေကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုတိုးအောင်ကိုအရင် ဆန္ဒပြပွဲတွေတုန်းက ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပထမတစ်ကြိမ်ဖမ်းဆီးခဲ့ဖူးပြီး အခုတစ်ကြိမ်ကတော့ ဘာကြောင့် ဖမ်းဆီးသွားလဲဆိုတာ မသိရဘူးလို့ အမည်မဖော်လိုတဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုတိုးအောင်ကို စစ်တပ်က ၂၀၂၁ ဧပြီလမှာ တကြိမ်ဖမ်းဆီးပြီး ပုဒ်မ ၁၈၈ နဲ့ ထောင်တလချကာ ပြန်လွတ်လာပြီးနောက်  အခုဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးတစ်ပတ်မှာလည်း ကံပေါက်ကျေးရွာ မြသီတာရပ်ကွက်က ဒေသခံတယောက်ကို  စစ်တပ်က ခေါ်ယူစစ်ဆေးပြီး ဒီနေ့အချိန်အထိ ပြန်လွှတ်မပေးသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up