ပရီးမီးယားလိဂ်ကလပ်များ ငွေသုံးကြမ်းခဲ့သည့်ကိစ္စ UEFA ထံ လာလီဂါဥက္ကဋ္ဌ တိုင်ကြားမည်

ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး စပိန်လာလီဂါဥက္ကဋ္ဌက ယူအီးအက်ဖ်အေဆီ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အင်္ဂလန်ကလပ်တွေဟာ ကစားသမား အပြောင်းအရွှေ့တွေအတွက် စတာလင်ပေါင် ၂ ဘီလီယံနီးပါးအထိ အသုံးပြုခဲ့ကြတာပါ။ လာလီဂါကလပ်တွေကတော့ စုစုပေါင်း ပေါင် ၄၀၄ သန်းသာအသုံးပြုခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ငွေကြေးသုံးစွဲမှုဟာ ဥရောပဘောလုံးလောကကို ရေရှည်ရပ်တည်နိုင်ဖို့ အန္တရာယ်ရှိနေကြောင်း လာလီဂါဥက္ကဋ္ဌ ယာဗီယာတီဗက်စ်က ပြောပါတယ်။
ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်းလို ကလပ်အသင်းပိုင်ရှင်တွေရဲ့ ငွေကြေးတွေထဲကနေ ပြန်လည်စီးဆင်တာမျိုးတွေရှိကြောင်း တီဗက်စ်ကပြောပါတယ်။
ဒီအခြေအနေတွေကြောင့် ငွေသုံးကြမ်းခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ဆီကို တိုင်ကြားသွားမယ်လို့ လာလီဂါဥက္ကဋ္ဌ တီဗက်စ်ကပြော သွားပါတယ်။