close

ပရီးမီးယားလိဂ်ပွဲ

close

March 11, 2023

ယူကေတွင် နှင်းမုန်တိုင်းကျဆင်းမှုကြောင့် ပရီးမီးယားလိဂ်ပွဲများ ရွှေ့ဆိုင်းရနိုင်

ယူကေနိုင်ငံမှာ နှင်းမုန်တိုင်းကျဆင်းမှုတွေကြောင့် ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ်တချို့မှာ သက်ရောက်မှုရှိနိုင်လို့ ပွဲရွှေ့ဆိုင်းရတာမျိုးရှိလာနိုင်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်ဒဏ်ကို ယူကေနိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်နေတာပါ။ လိဂ်၂ က မက်စ်ဖီးလ်နဲ့ လေတန်အိုရီးယန့် အသင်းတို့ရဲ့ပွဲစဉ်ကိုတော့ နှင်းကျဆင်းမှုတွေကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရ ပါတယ်။ 

မြက်ခင်းပြင်တွေမှာ ဆီနှင်းတွေမကျဆင်းအောင် ဖုံးအုပ်ထားလို့ရပေမဲ့ ဆီးနှင်းကျဆင်းမှုက ပြင်းထန်တာကြောင့် ပွဲကျင်းပဖို့ မဖြစ်နိုင်တာလို့ မန်စ်ဖီးလ်အသင်းက သတင်းထုတ်ပြန်ပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေဟာလည်း သူတို့ရဲ့ အိမ်ကွင်းမှာ အပူပေးစနစ်တပ်ဆင်တာမျိုး၊ မြက်ခင်း ပြင်ကို ကြီးမားတဲ့အကာတွေနဲ့ ဖုံးအုပ်ထားတာမျိုးတွေကို ကြိုတင်လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ နှစ်စဉ်ဖြစ်နေကျအတိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တချို့ကတော့ ရွှေ့ဆိုင်းရဖို့ရှိနေပါတယ်။

8 mins Ago

September 13, 2022

ချဲလ်ဆီးနှင့် လီဗာပူးပွဲအပါအဝင် ပရီးမီးယားလိဂ်ပွဲ ပွဲစဉ် ၃ ပွဲ ထပ်မံရွှေ့ဆိုင်း

ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဒီတစ်ပတ်မှာ ပြန်လည်ကျင်းပမှာဖြစ်ပေမယ့် ပွဲစဉ် ၃ ပွဲကိုတော့ ထပ်မံရွှေ့ဆိုင်းခဲ့ပါတယ်။

ဗြိတိန်ဘုရင်မကြီးအဲလီဇဘက်ရဲ့ နာရေးကြောင့် ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးကို ရွှေ့ဆိုင်းခဲ့ပြီး ဒီတပတ်မှာတော့ စုစုပေါင်း ၃ ပွဲပဲ ရွှေ့ဆိုင်းမှာပါ။

စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့မှာ ကစားကြမယ့် မန်ယူနဲ့ လိဒ်ယူနိုက်တက်ပွဲ၊ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်တွေကို လုံခြုံရေးရဲတပ်ဖွဲ့အင်အားနည်းပါးတာကြောင့် ထပ်မံရွှေ့ဆိုင်းဖို့ ဆုံးဖြတ် ခဲ့တာပါ။

အဲဒီနေ့မှာ ဘုရင်မကြီးရဲ့ဈာပနအခမ်းအနားကျင်းပမှာဖြစ်လို့ အဲဒီပွဲအတွက် ရဲတပ်ဖွဲ့ အင်အားတွေ ပေးထားရမှာဖြစ်ပါတယ်။

နောက်ထပ်ရွှေ့ဆိုင်းခဲ့တဲ့ ဘရိုက်တန်နဲ့ ခရစ္စတယ်ပဲလေ့ပွဲစဉ်ကတော့ မီးရထားအလုပ်သမားတွေရဲ့ ဆန္ဒပြပွဲရှိလို့ မူလကတည်းက ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ဘုရင်မကြီးကွယ်လွန်ပြီးနောက်ဆက်တွဲအဖြစ် စက်တင်ဘာ ၁၆ ရက်နေ့ လန်ဒန်မှာ ကစားမယ့် အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

6 months Ago
Up