close

ပါဆယ်ထုပ်

close

March 23, 2022

ထိုင်းတွင် ပါဆယ်ဖြင့်ပေးပို့သော အထုပ်ထဲမှ မြွေဟောက်တွေ့ရှိ

ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲင်ခရိုင် ပို့ဆောင်ရေးကုမ္ပဏီတခုမှာ ပါဆယ်နဲ့ပို့လာတဲ့ အထုပ်တထုပ်ထဲကနေ မြွေဟောက် ၁ ကောင် တွေ့ရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ခွန်ကဲန်မြို့ မြူနီစီပယ်ရပ်ကွက်ရှိ ပုဂ္ဂလိက ပို့ဆောင်ရေးကုမ္ပဏီတခုမှာ မတ် ၂၂ ရက်က မသင်္ကာဖွယ် အထုပ်တထုပ်ကို လာရောက်စစ်ဆေးပေးဖို့ အကြောင်းကြားတာကြောင့်  သွားရောက်စစ်ဆေးရာက မြွေဟောက် ၁ ကောင် တွေ့ရှိတာလို့ ခွန်ကဲန်ပရဟိတ အသင်းသားတဦးက ပြောပါတယ်။

ကုမ္ပဏီဝန်ထမ်း ပြောပြချက်အရ သူဟာ မနေ့မနက်က အနယ်နယ်အရပ်ရပ်ကို ပို့ဆောင်မယ့် ပါဆယ်ထုပ်တွေ စစ်ဆေးနေစဉ် စက္ကူဂျပ်ဖာတထုပ်ဟာ အလိုလိုလှုပ်နေပြီး အကောင်တကောင်ကောင်ရဲ့ အသံပါ ကြားရကြောင်း၊ ဒါကြောင့် ပရဟတိ ကယ်ဆယ်ရေးအဖွဲ့ကို လှမ်းအကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့က ဂျပ်ဖာကို ဖွင့်ကြည့်ရာ အထဲမှာ အဝတ်အိတ် ၁ လုံးတွေ့ကြောင်း၊ လက်နဲ့စမ်းကြည့်ရာမှာ မြွေဖြစ်နိုင်တယ်လို့ ခန့်မှန်းပြီး အဝတ်အိတ်ရဲ့ ဇစ်ကို ဆွဲဖွင့်တာနဲ့ အမှန်တကယ်ပဲ အရှည် ၄ မီတာခန့်ရှိ မြွေဟောင်တကောင် လျှောပြီး ထွက်လာတာလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့က အဆိုပါမြွေကို ဖမ်းဆီးပြီး နမ့်ဖောင်းမြို့ရှိ မြွေဂေဟာကို ပို့ဆောင်လိုက်ကြောင်း၊ အဆိုပါအထုပ်ဟာ ပို့ဆောင်ရေးကုမ္ပဏီခွဲ တခုကနေ ထပ်ဆင့်လက်ခံရတာ ဖြစ်ပြီး အန္တရာယ်ရှိ အဆိပ်ရှိသတ္တဝါကို ပါဆယ်ကနေ ပေးပို့ရတဲ့ အကြောင်းရင်းနဲ့ လိုအပ်သလို အရေးယူဖို့ ပါဆယ်ပိုင်ရှင် နေရပ်လိပ်စာအတိုင်း ဆက်သွယ်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

4 mins Ago

March 6, 2020

ထိုင်းစာတိုက်တွင် ပြည်ပကပို့လာသည့် ပါဆယ်ထုပ်များကို ပိုးသတ်ဆေးဖျန်း

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄၇ ရှိပြီး ထိုင်းစာတိုက်ဌာနဟာ ပြည်ပကနေ ပြည်တွင်းကို ပေးပို့ရောက်ရှိလာတဲ့ ပါဆယ်ထုပ်တွေကို မတ် ၅ ရက်နေ့က ပိုးသတ်ဆေးစတင်ဖျန်းနေပါတယ်။  ထိုင်းစာတိုက်ရဲ့ အကြီးအကဲ အမှုဆောင်အရာရှိချုပ် ကော်ကစ် ဒန်ချိုင် ဗီချစ်က သူတို့ဌာနဟာ ပြည်ပကရောက်ရှိလာတဲ့ ပါဆယ်ထုပ်တွေ အကုန်လုံးကို ပိုးသတ်ဆေးဖြန်းနေကြောင်း သတင်းထောက်တွေကို ပြောပါတယ်။  ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာသစ် ၄ ဦးမှာ နိုင်ငံခြားသား ၂ ဦးနဲ့ ပြည်ပကပြန်လာတဲ့ ထိုင်းနိုင်ငံသား ၂ ဦးတို့ ဖြစ်ပါတယ်။  ထိုင်းနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၇ ဦး၊ သေဆုံးသူ ၁ ဦးနဲ့ ရောက်ဂါသက်သာပျောက်ကင်းလာသူ ၃၁ ဦးရှိတယ်လို့ သိရပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၈၄၂၁ ဦး၊ သေဆုံးသူ ၃၃၈၅ ဦးနဲ့ ရောက်ဂါသက်သာပျောက်ကင်းလာသူ ၅၅၆၃၀ ဦးရှိတယ်လို့ သရပါတယ်။
2 years Ago
Up