close

ပါပူဝါနယူးဂီနီ

close

September 12, 2022

ပါပူဝါနယူးဂီနီနှင့် အင်ဒိုနီးရှားတွင် အင်အားပြင်း မြေငလျင်လှုပ်

ပါပူဝါနယူးဂီနီနိုင်ငံ၊ ခိုင်နန်းတူမြို့အနားမှာ  စက်တင်ဘာ ၁၁ ရက် မနက် ၆ နာရီ ၄၆ မိနစ်လောက်က  ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းမြေငလျင် လှုပ်ခတ်ပြီး အနည်းဆုံး လူ ၅ ယောက်လောက်သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြပါတယ်။

ငလျင်ကြောင့် အဆောက်အအုံတွေပျက်စီးတာ၊ မြေပြိုတာနဲ့ လမ်းတွေ ကွဲအက်ပျက်စီးသွားတာတွေလည်း ရှိခဲ့ပြီး  ပြည်သူတွေရဲ့  ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ကာ ဒေသခံတွေ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။

အလားတူ အင်ဒိုနီးရှားနိုင်ငံအနောက်ဘက် ဆူမားတြားကျွန်း အနောက်ဘက်ကမ်းလွန်ရှိ မန်တာဝေကျွန်းစုမှာလည်း စက်တင်ဘာ ၁၁ ရက်က ပြင်းအားရစ်ချ်တာစကေး ၆ ဒသမ ၁ ရှိတဲ့ ငလျင်တခု  လှုပ်သွားခဲ့တာကြောင့် ဒေသခံ ၂၀၀ လောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ 

“ဆူနာမီရေလှိုင်း အန္တရာယ်တော့ မရှိပါဘူး။ ငလျင်ဟာ မြေအောက် အနက် ၁၇ မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး တူညီတဲ့ဧရိယာမှာ ပြင်းအား ၅ ဒသမ ၃ ရှိတဲ့ မြေပြင်တုန်ခါမှုတွေဖြစ်ခဲ့တယ်” လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘူမိရူပဗေဒ အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

သစ်သားတန်း ပြုတ်ကျလို့ ဦးခေါင်းဒဏ်ရာရသူ ရှိခဲ့တယ်လို့ ဒေသခံအွန်လိုင်းမီဒီယာက ဖော်ပြပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်း" လို့ ခေါ်တဲ့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ မတူညီတဲ့ ကျောက်လွှာချပ်ကြီးတွေ စုဆုံရာ နေရာမှာ ရှိနေလို့  မီးတောင် ပေါက်ကွဲတာနဲ့ ငလျင်လှုပ်တာတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

6 hours Ago

August 13, 2020

ပါပူဝါနယူးဂီနီနိုင်ငံ၊ ဘူဂင်ဗောဒေသတွင်   ရွေးကောက်ပွဲကျင်းပ

ပါပူဝါနယူးဂီနိနိုင်ငံကနေ လွတ်လပ်ရေးတောင်းဆိုဖို့ လူထုက တခဲနက်ထောက်ခံထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘူဂင်ဗောဒေသမှာ  သြဂုတ် ၁၂ ရက်က  အထွေထွေရွေးကောက်ပွဲနဲ့ သမ္မတ ရွေးကောက်ပွဲ ကျင်းပရာမှာ    ဒေသခံတွေ လာရောက်မဲပေးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲဟာ  လွတ်လပ်ရေးတောင်းဆိုတဲ့ လူထုဆန္ဒခံယူပွဲ ကျင်းပပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတာပါ။ လူဦးရေ ၂ သိန်းခွဲရှိတဲ့   ဘူဂင်ဗောဒေသမှာ ထိပ်တန်းနိုင်ငံရေးရာထူးအတွက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၂၅ ဦးရှိပါတယ်။ ရွေးကောက်ပွဲကို  စက်တင်ဘာ ၁ ရက်အထိ ဆက်ကျင်းပမှာဖြစ်ပြီး အနိုင်ရသူဟာ ပါပူဝါနယူးဂီနီကနေ  ခွဲထွက်ရေး ညှိနှိုင်းမှုတွေကို ဆက်လက် ဦးစီး လုပ်ကိုင်ရမှာပါ။  ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာမှာ လွတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲလုပ်ခဲ့ပြီး  မဲပေးသူ ၁၈၀,၀၀၀ ကျော်ဖြစ်တဲ့ ၉၈ ရာခိုင်နှုန်းနီးပါးက  လွတ်လပ်ရေးယူဖို့ ထောက်ခံခဲ့ပါတယ်။  ခွဲထွက်ရေးသူပုန်တွေနဲ့ ပါပူဝါတပ်တွေ ဆယ်စုနှစ်ကြာ စစ်ဖြစ်ခဲ့ပြီးနောက် ချုပ်ဆိုတဲ့  ငြိမ်းချမ်းရေးသဘောတူစာချုပ်အရ  အဲဒီဆန္ဒခံယူပွဲကို   ကျင်းပခဲ့တာပါ။ ဘူဂင်ဗောဒေသမှာ ရွှေနဲ့ ကြေးနီသတ္တုသိုက်တွေ ပေါများပြီး  ဒေသအစိုးရက  အဲဒီ သယံဇာတတွေနဲ့ လွတ်လပ်ရေးရအောင် ကူညီထောက်ပံ့လိုတယ်လို့ ရိုက်တာက ရေးသားထားပါတယ်။
2 years Ago
Up