close

ပါရီမြို့

close

April 18, 2023

ပြင်သစ်သမ္မတ မိန့်ခွန်းပြောချိန် ပါရီမြို့လယ်တွင် အိုးခွက်များ ထုရိုက်ဆန္ဒပြ

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ ဧပြီ ၁၇ ရက် ညနေပိုင်းက နိုင်ငံတော် ရုပ်မြင်သံကြားမှာ မိန့်ခွန်းပြောနေချိန်အတွင်း ဆန္ဒပြသူတွေဟာ ပါရီမြို့လယ်မှာ စုဝေးခဲ့ကြပြီး အမှတ် ၁၀ နယ်မြေ မြို့တော်ခန်းမ အပြင်ဘက်မှာ အိုးတွေခွက်တွေ ထုရိုက်ပြီး ဆူဆူညံညံ ဆန္ဒပြခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မက်ခရွန် ဆန့်ကျင်ရေး ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြမှုက အချိန် ၁ နာရီတောင် မပြည့်ပါဘူး။ ဆန္ဒပြသူတချို့ဟာ အမှိုက်ပုံးတွေကို မီးရှို့ပြီး ထွက်ခွာသွားကြပါတယ်။

မက်ခရွန်ဟာ အငြိမ်းစားယူတဲ့အသက်ကို ၆၄ နှစ်အထိ ၂ နှစ်တိုးမြှင့်ဖို့ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးပြီးနောက် ၂ ရက်အကြာမှာပဲ နိုင်ငံကို မိန့်ခွန်းပြောခဲ့တာပါ။

မက်ခရွန်ဟာ သူ့ရဲ့ လူကြိုက်မများတဲ့ ပင်စင်စနစ်အပေါ် ဒေါသထွက်ကြပြီးတော့ ရက်သတ္တပတ်တွေချီ ဆန္ဒပြမှုတွေအပြီးမှာ နိုင်ငံကိုကုစားဖို့ ရက်ပေါင်း ၁၀၀ အချိန်ယူထားကြောင်း သမ္မတမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

သူ့အစိုးရအဖွဲ့ကိုလည်း ကျယ်ပြန့်တဲ့ကိစ္စရပ်တွေမှာ သမဂ္ဂတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုသွားပါတယ်။

1 min Ago

March 8, 2023

ပြင်သစ်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာ မတ် ၇ ရက်က ဆန္ဒပြပွဲအတွင်း ရဲတွေနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

အငြိမ်းစားယူရမယ့်အသက်ကို သက်တမ်းတိုးဖို့ ကြိုးပမ်းတဲ့ ပင်စင်ပြုပြင်ပြောင်းလဲရေးကို အငြင်းပွားရင်း အစိုးရကို တွန်းအားပေးနိုင်ရေး ပြင်သစ်သမဂ္ဂတွေက နိုင်ငံကို ပိတ်ဆို့ဖို့ ရည်ရွယ်ခဲ့ကြတာပါ။

ပါရီမြို့တောင်ပိုင်း ပို့ထ်ရိုင်ရယ်နားမှာ မျက်နှာဖုံးစွပ်ဆန္ဒပြသူတွေဟာ လောက်လေးတွေ၊ မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ပြီး အမှိုက်ပုံးတွေကို မီးတင်ရှို့ခဲ့ကြသလို ကားပြတင်းပေါက်တွေကိုလည်း ရိုက်ခွဲခဲ့လို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

နိုင်ငံတဝန်း ဇန်နဝါရီလလယ်ကစပြီး အရင်က ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲတွေထက် လူစုလူဝေးတွေက လူအုပ်ပိုတောင့်လာအောင် ဆွဲဆောင်နိုင်ခဲ့တာပါ။

ကျောင်းဆရာ ဆရာမတွေ၊ ဆေးရုံဝန်ထမ်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ကျောင်းသားတွေ အပါအဝင် ထောင်နဲ့ချီတဲ့လူတွေ ပါရီရဲ့ လမ်းတွေပေါ် ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ခုလကုန်မှာ လွှတ်တော်က ပင်စင်လစာ အပြောင်းအလဲတွေကို အတည်ပြုနိုင်မယ်လို့ အစိုးရက မျှော်လင့်ထားလို့ နှစ်ဖက်စလုံးအတွက် အရေးကြီးတဲ့အချိန် ဖြစ်နေပါတယ်။

လွှတ်တော်အမတ်တွေကို ဖိအားပေးဖို့ ရေနံချက်စက်ရုံတွေနဲ့ မီးရထားလမ်းတွေ အပါအဝင် နေရာအသီးသီးမှာ ရက်ပေါင်းများစွာ ဆက်ဆင်နွှဲမယ့် သပိတ်တွေ ခုတကြိမ်မှာ ပေါ်လာနိုင်တယ်လို့ ပြင်သစ်ရဲ့ သဘောထားတင်းမာတဲ့ သမဂ္ဂတွေက ပြောခဲ့ပါတယ်။

1 month Ago
Up