close

ပါလီမန်ရွေးကောက်ပွဲ

close

May 19, 2022

လက်ဘနွန်ရွေးကောက်ပွဲတွင် ဟစ္စဘိုလာအုပ်စု အမတ်နေရာအများစု လက်လွှတ်ခဲ့ရ

လက်ဘနွန်နိုင်ငံမှာ မေ ၁၅ ရက်က ကျင်းပခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲရလဒ်အရ ဟစ္စဘိုလာအုပ်စုဟာ လွှတ်တော်မှာ အများစု လွှမ်းမိုးထားတဲ့ အခြေအနေကို လက်လွှတ်လိုက်ရပါတယ်။

ဟစ္စဘိုလာခေါင်းဆောင် ဆာယိဒ်ဟက်ဆန်နက်ရော်လာက သူ့ပါတီနဲ့ မဟာမိတ်တွေဟာ လွှတ်တော်မှာ အရင်လို လွှမ်းမိုးထားနိုင်တဲ့ အခြေအနေ မဟုတ်တော့တဲ့အကြောင်း မေ ၁၈ ရက်က ပြောပါတယ်။

"အခြေအနေက ၂၀၁၈ ကနဲ့ မတူတော့ပါဘူး။ လွှတ်တော်ထဲမှာ အများစုလွှမ်းမိုးတဲ့ပါတီ မရှိတော့ပါဘူး" လို့ မေ ၁၈ ရက်က အယ်မာနာ ရုပ်သံကတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

၂၀၁၈ ရွေးကောက်ပွဲတုန်းက ၇၁ နေရာအထိ အနိုင်ရခဲ့တဲ့ ဟစ္စဘိုလာနဲ့ မဟာမိတ်တွေဟာ အခုတခါမှာတော့ အမတ်နေရာ ၆၂ နေရာကိုပဲ ပြန်လည် အနိုင်ရပါတယ်။

ဟစ္စဘိုလာပါတီလိုပဲ ပြိုင်ဘက် ဆွန်နီ၊ ဒရုဇ်နဲ့ ခရစ်ယာန်ပါတီတွေလည်း အရင်ကနိုင်ခဲ့တဲ့ နေရာတချို့ လက်လွှတ်လိုက်ရပါတယ်။

အခုရွေးကောက်ပွဲမှာ ဟစ္စဘိုလာကို ဆန့်ကျင်တဲ့ လက်ဘနွန်တပ်ပေါင်းစုပါတီ Lebanese Forces party က အခြေအနေကောင်းသလို တသီးပုဂ္ဂလ အမတ်လောင်းတွေလည်း အနိုင်ရကြပါတယ်။

ရွေးကောက်ပွဲရလဒ်အရ ဟစ္စဘိုလာတွေ ထိုင်ခုံနေရာ တော်တော်များများ လက်လွှတ်လိုက်ရပေမဲ့ ပါတီခေါင်းဆောင် နက်ရော်လာက ကြီးမားတဲ့အောင်ပွဲလို့ သူ့မိန့်ခွန်းမှာ ပြောသွားပါတယ်။

ပါတီတွေကြားမှာ မျက်နှာသစ် နိုင်ငံရေးသမားတွေနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောသွားပါတယ်။ ဒီလို ပူပေါင်းဆောင်ရွက်တာမရှိရင် တိုင်းပြည်ဟာ အထိန်းအချုပ်မရှိဘဲ မငြိမ်မသက် ဖြစ်မယ်လို့လည်း သတိပေးလိုက်ပါတယ်။

ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်မှာ အများစုထိန်းချုပ်ထားတဲ့ပါတီ မရှိတော့ဘဲ အုပ်စုငယ်တွေ ကွဲသွားတာဖြစ်လို့ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျနေတာကို ပြန်လည်ကုစားဖို့ မူဝါဒအသစ် ချမှတ်တဲ့အခါမှာ အချိန်ကြန့်ကြာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

33 mins Ago

September 18, 2019

အစ္စရေး ပါလီမန်ရွေးကောက်ပွဲ မဲရလဒ် အနိုင် အရှုံး မကွဲပြားသေး

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း အဗစ်ဒေါ လေးဘာမန်းဟာ စက်တင်ဘာ ၁၇ ရက်မှာ ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲအတွင်း နိုင်ငံရေး ခေါင်းဆောင်ကို သြဇာပေးနိုင်မယ့် အလားအလာ ရှိလာတယ်လို့ မီဒီယာတွေက ထင်ကြေးပေးနေပါတယ်။ မဲရုံပြင်ပ စစ်တမ်းတွေအရတော့ မဲရလဒ်တွေက အနိုင် အရှုံး မကွဲပြားသေးပါဘူး။ လေးဘာမန်းကတော့ နိုင်ငံ စည်းလုံး ညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းဖို့ ဆော်သြနေတာပါ။  “ကျနော်တို့မှာ ရွေးစရာ တခုပဲ ရှိတယ်။ အစ္စရေး ဘိုင်းတန်းနုပါတီ၊ လီကွဒ်ပါတီ ဘလူးပါတီနဲ့ ဝှိုက်ပါတီတို့ အားလုံးပါဝင်တဲ့ အမျိုးသားရေး လစ်ဘရယ် ကျယ်ပြန့်တဲ့ အစိုးရတရပ်ပေါ့”လို့ လေးဘာမန်းက ဂျေရုဆလင်မြို့က မဲဆွယ်ပွဲမှာ ပြောပါတယ်။ ဘလူးပါတီနဲ့ ဝှိုက်ပါတီကို လက်ဝဲယိမ်း ဘန်နီဂန့်ထ်ဇ်က ဦးဆောင်ပြီး လက်ယာပါတီ လီကွဒ်ပါတီကို နေတန်ယာဟုက ဦးဆောင်ပါတယ်။ လေးဘာမဲန်းကတော့ လက်ယာစွန်း အစ္စရေး ဘိုင်းတန်းနုပါတီရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version အစၥေရး ပါလီမန္ေ႐ြးေကာက္ပြဲ မဲရလဒ္ အႏိုင္ အရႈံး မကြဲျပားေသး အစၥေရး ကာကြယ္ေရး ဝန္ႀကီးေဟာင္း အဗစ္ေဒါ ေလးဘာမန္းဟာ စက္တင္ဘာ ၁၇ ရက္မွာ က်င္းပတဲ့ လႊတ္ေတာ္ေ႐ြးေကာက္ပြဲအတြင္း ႏိုင္ငံေရး ေခါင္းေဆာင္ကို ၾသဇာေပးႏိုင္မယ့္ အလားအလာ ရွိလာတယ္လို႔ မီဒီယာေတြက ထင္ေၾကးေပးေနပါတယ္။ မဲ႐ုံျပင္ပ စစ္တမ္းေတြအရေတာ့ မဲရလဒ္ေတြက အႏိုင္ အရႈံး မကြဲျပားေသးပါဘူး။ ေလးဘာမန္းကေတာ့ ႏိုင္ငံ စည္းလုံး ညီၫြတ္ေရး အစိုးရတရပ္ ဖြဲ႕စည္းဖို႔ ေဆာ္ၾသေနတာပါ။ “က်ေနာ္တို႔မွာ ေ႐ြးစရာ တခုပဲ ရွိတယ္။ အစၥေရး ဘိုင္းတန္းႏုပါတီ၊ လီကြဒ္ပါတီ ဘလူးပါတီနဲ႔ ဝႈိက္ပါတီတို႔ အားလုံးပါဝင္တဲ့ အမ်ိဳးသားေရး လစ္ဘရယ္ က်ယ္ျပန႔္တဲ့ အစိုးရတရပ္ေပါ့”လို႔ ေလးဘာမန္းက ေဂ်႐ုဆလင္ၿမိဳ႕က မဲဆြယ္ပြဲမွာ ေျပာပါတယ္။ ဘလူးပါတီနဲ႔ ဝႈိက္ပါတီကို လက္ဝဲယိမ္း ဘန္နီဂန႔္ထ္ဇ္က ဦးေဆာင္ၿပီး လက္ယာပါတီ လီကြဒ္ပါတီကို ေနတန္ယာဟုက ဦးေဆာင္ပါတယ္။ ေလးဘာမဲန္းကေတာ့ လက္ယာစြန္း အစၥေရး ဘိုင္းတန္းႏုပါတီရဲ႕ အႀကီးအကဲ ျဖစ္ပါတယ္။
3 years Ago
Up