close

ပိုချက်တီနို

close

April 28, 2023

ပိုချက်တီနို ချဲလ်ဆီးနည်းပြဖြစ်လာရင် ဟယ်ရီကိန်းကို ခေါ်ယူနိုင်ကြောင်း ရက်ဒ်နပ်သုံးသပ်

ပိုချက်တီနိုဟာ ချဲလ်ဆီးနည်းပြဖြစ်လာမယ်ဆိုရင် စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူနိုင် ကြောင်း  စပါးနည်းပြဟောင်း ရက်ဒ်နပ်ကသုံးသပ်ပါတယ်။

လာမယ့်ဇူလိုင်လမှာ အသက်၃၀ ပြည့်မယ့် ဟယ်ရီကိန်းဟာ ၂၀၂၄ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။

ဆုဖလားရယူနိုင်ခြင်း မရှိတာကြောင့် လာမယ့်ရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ဟယ်ရီကိန်းက စဉ်းစားနိုင်တယ်လို့ သုံးသပ်ကြတာပါ။

ချဲလ်ဆီးအသင်းနည်းပြသာ ပိုချက်တီနိုဖြစ်လာမယ်ဆိုရင် ဟယ်ရီကိန်းကိုခေါ်ယူနိုင်ပြီး ကိန်းဘက်ကလည်း ပိုချက်တီနိုနဲ့ လက်တွဲခဲ့ဖူးသလို လန်ဒန်မှာပဲ ဆက်လက်နေထိုင်ရတာကို နှစ်သက်သူဖြစ်ကြောင်း ရက်ဒ်နပ်ကပြောပါတယ်။

ဟယ်ရီကိန်းဟာ ချဲလ်ဆီးအသင်းတည်ရှိရာ လန်ဒန်အ နောက်ပိုင်းမှာလည်း နေအိမ်တည်ဆောက်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့မယ်ဆိုရင် ကိန်းအတွက် လည်း ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်လာနိုင်ကြောင်း ရက်ဒ်နပ်က သုံးသပ်ခဲ့ပါတယ်။ 

2 mins Ago

April 22, 2023

ချဲလ်ဆီးနည်းပြချုပ်လျာထားစာရင်းတွင် ပိုချက်တီနိုနှင့် ဘန်လေနည်းပြ ကွန်ပနီပါဝင်

ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီအတွက် ကြိုတင်ခန့်အပ်မယ့် နည်းပြချုပ်လျာထာစာရင်းမှာ စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့ ဘန်လေနည်းပြ ကွန်ပနီတို့ ပါဝင်တယ်လို့သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ အစောပိုင်းက ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်းနဲ့ ဆွေးနွေးခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး နည်းပြပိုချက်တီနိုနဲ့ ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။

ပိုချက်တီနိုဟာမနှစ်က ပီအက်စ်ဂျီအသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပြီး စပါးအသင်းမှာ ကာလရှည်နည်းပြခဲ့သူဖြစ်လို့ ပရီးမီးယားလိဂ်အတွေ့အကြုံရှိသူပါ။

ဘယ်လ်ဂျီယံနည်းပြ ကွန်ပနီကတော့ အခုနှစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ဆီတန်းတက်နိုင်အောင် စွမ်းဆောင်ပြခဲ့ပါတယ်။

ဒါ့အပြင် ဘန်လေအသင်းကို တိုက်စစ်အသားပေးပြီး ဆွဲဆောင်မှုရှိတဲ့ အသင်းအဖြစ် ပုံသွင်းနိုင်ခဲ့လို့ ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်လျာထားစာရင်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။

6 days Ago
Up