ပိုချက်တီနို ချဲလ်ဆီးနည်းပြဖြစ်လာရင် ဟယ်ရီကိန်းကို ခေါ်ယူနိုင်ကြောင်း ရက်ဒ်နပ်သုံးသပ်

ပိုချက်တီနိုဟာ ချဲလ်ဆီးနည်းပြဖြစ်လာမယ်ဆိုရင် စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူနိုင် ကြောင်း စပါးနည်းပြဟောင်း ရက်ဒ်နပ်ကသုံးသပ်ပါတယ်။
လာမယ့်ဇူလိုင်လမှာ အသက်၃၀ ပြည့်မယ့် ဟယ်ရီကိန်းဟာ ၂၀၂၄ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။
ဆုဖလားရယူနိုင်ခြင်း မရှိတာကြောင့် လာမယ့်ရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ဟယ်ရီကိန်းက စဉ်းစားနိုင်တယ်လို့ သုံးသပ်ကြတာပါ။
ချဲလ်ဆီးအသင်းနည်းပြသာ ပိုချက်တီနိုဖြစ်လာမယ်ဆိုရင် ဟယ်ရီကိန်းကိုခေါ်ယူနိုင်ပြီး ကိန်းဘက်ကလည်း ပိုချက်တီနိုနဲ့ လက်တွဲခဲ့ဖူးသလို လန်ဒန်မှာပဲ ဆက်လက်နေထိုင်ရတာကို နှစ်သက်သူဖြစ်ကြောင်း ရက်ဒ်နပ်ကပြောပါတယ်။
ဟယ်ရီကိန်းဟာ ချဲလ်ဆီးအသင်းတည်ရှိရာ လန်ဒန်အ နောက်ပိုင်းမှာလည်း နေအိမ်တည်ဆောက်နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့မယ်ဆိုရင် ကိန်းအတွက် လည်း ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်လာနိုင်ကြောင်း ရက်ဒ်နပ်က သုံးသပ်ခဲ့ပါတယ်။