close

ပီကေး

close

November 4, 2022

ကစားသမားဘဝက အနားယူကြောင်း ဘာကာနောက်ခံလူ ပီကေးကြေညာ

ဘောလုံးကစားသမားဘဝနေ အနားယူတော့မှာဖြစ်ကြောင်း ဘာစီလိုနာနောက်ခံလူ ပီကေးကရုတ်တရက် ကြေညာလိုက်ပါတယ်။

အသက် ၃၅ နှစ်ရှိ စပိန်နောက်ခံလူဟာ ဘာစီလိုနာမှာပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေပြီး ကွင်းပြင်ပမှာလည်း ဇနီးဖြစ်သူရှာကီရာနဲ့ လမ်းခွဲထားတာ လပိုင်းပဲရှိသေးတာပါ။

နိုဝင်ဘာ ၃ ရက်နေ့မှာတော့ လာမယ့်တစ်ပတ်ပွဲစဉ်ကစားအပြီးမှာ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်ကြောင်း ကြေညာသွားခဲ့တာပါ။

အရင်ကတည်းကပြောထားသလိုပဲ ဘာစီလိုနာကနေ ထွက်ခွာခဲ့ရင် ဘယ်အသင်းကိုမှ ဆက်ပြီး ကစားတော့မှာမဟုတ်ကြောင်း၊ စနေနေ့မှာ ကစားမယ့် လာလီဂါပွဲစဉ်ဟာ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်ကြောင်းပီကေးကပြောပါတယ်။

အသင်းအတွက်ကစားခွင့်ရတဲ့ အချိန်မှာ အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြောင်း၊ အမြဲတမ်း ဘာစီလိုနာအသင်းပရိသတ်အနေနဲ့ ဆက်လက်အားပေးနေမှာဖြစ်ကြောင်း ပီကေးက ဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုတင်ပြီး နှုတ်ဆက် စကားဆိုခဲ့တာပါ။ 

သူဟာ ဘာစီလိုနာမှာ ၁၄ နှစ်ကြာကစားခဲ့ပြီး ဆုဖလား ၃၁ လုံးရယူနိုင်ခဲ့ပါတယ်။ မန်ယူမှာကစားစဉ်ကလည်း ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့အတူလည်း ကမ္ဘာ့ဖလားနဲ့ ယူရိုဆုဖလားတွေရယူနိုင်ခဲ့ပါသေးတယ်။ 

2 hours Ago

June 5, 2022

အဆိုတော် ရှာကီယာနှင့် ဘာစီလိုနာကစားသမား ပီကေးတို့ ကွာရှင်းပြတ်စဲ

ကမ္ဘာ့ကျော်အဆိုတော် ရှာကီယာနဲ့ ဘာစီလိုနာ နောက်တန်းကစားသမား  ဂျာရတ်ပီကေးတို့ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲသွားလိုက်ကြတဲ့အကြောင်းကို သူတို့ စုံတွဲက မေ ၄ ရက်မှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။ 

ဒီလို ကွာရှင်းလိုက်တဲ့အတွက် ဝမ်းနည်းရတဲ့အကြောင်းနဲ့ သူတို့နှစ်ယောက်ရဲ့ နံပါတ်တစ် ဦးစားပေးဖြစ်တဲ့ ကလေးတွေကို ငဲ့ကွက်တဲ့အနေနဲ့ အတွင်းရေးတွေကို လေးစားမှု ရှိကြဖို့ကိုလည်း ကြေညာချက်မှာ မေတ္တာရပ်ခံထားပါတယ်။

ကိုလံဘီယာ အဆိုတော် ရှာကီယာနဲ့ ပီကေးတို့ဟာ ၂၀၁၁ ခုနှစ်ကတည်းက စုံဖက် ပေါင်းသင်းလာကြတာဖြစ်ပြီး သူတို့စုံတွဲမှာ ကလေးနှစ်ယောက် ထွန်းကားပါတယ်။

သူတို့ နှစ်ယောက်ဟာ ၂၀၁၀ ပြည့်နှစ်တုန်းက တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ မတိုင်ခင်လေး အဲဒီအချိန်က ရှာကီယာရဲ့ နာမည်ကျော်သီချင်း ဝါကာ ဝါကာ "Waka Waka (This Time for Africa)" ရိုက်ကူးတဲ့ အချိန်မှာ ဖူးစာဆုံခဲ့ကြတာ ဖြစ်ပါတယ်။

5 months Ago
Up