close

ပုဂ္ဂလိက

close

May 31, 2022

ထိုင်းတွင် ပုဂ္ဂလိက အချက်အလက်ကာကွယ်ရေးအက်ဥပဒေ စတင်ကျင့်သုံးမည်

ထိုင်းနိုင်ငံမှာ မနက်ဖန်  ဇွန်လ ၁ ရက် ကစပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အချက်အလက်လုံခြုံရေးကို ကာကွယ်ပေးမယ့် အက်ဥပဒေသစ် စတင်ကျင့်သုံးသွားမယ်လို့ ထိုင်း လူမှုစီးပွားဆိုင်ရာဒီဂျစ်တယ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

အဆိုပါ Personal Data Protection Act (PDPA) ပုဂ္ဂလိကအချက်အလက်ကာကွယ်ရေး အက်ဥပဒေကို လွန်ခဲ့တဲ့ ၃ နှစ်က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး  အခုမှစ တင်အကောင်အထည်ဖော်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ 

အဆိုပါအက်ဥပဒေအရ  ခွင့်ပြုချက်မရဘဲ တပါးသူရဲ့ မျက်နှာပေါ်လွင်ထင်ရှားစွာ ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ယူခြင်းမပြုရ၊ ခွင့်ပြုချက်မရဘဲ တပါးသူရဲ့ မျက်နှာပေါ်လွင်ထင်ရှားစွာ လိုက်ဖ်လွှင့်ခြင်း ၊ ပို့စ်တင်ခြင်းမပြုရ၊ မိမိနေအိမ်ပြင်ပအနီးနားဧရိယာတဝိုက်တွင် စီစီကင်မရာတပ်ပါက သတိပေးစာကပ်ထားရမည်၊ တပါးသူ၏ ကိုယ်ရေးအချက်အလက် အမည်၊ မျိုးရင်းအမည်၊ နေရပ်လိပ်စာ၊ ဖုံးနံပါတ် ၊ ဘဏ်စာအုပ်နံပါတ် ၊ ကားနံပါတ် စတာတွေကို ခွင့်ပြုချက်မရဘဲ ဖြန့်ဝေခြင်း ၊ ဖော်ပြခြင်းမပြရ စတာတွေ ဥပဒေမှာ ပါဝင်ပါတယ်။ 

အထက်ပါအချက်တွေမှာ မိမိခွင့်ပြုချက်မရဘဲ ဆောင်ရွက်တာကို မကျေနပ်ပါက ကာယကံရှင်က ၇၂ နာရီအတွင်း ကိုယ်ရေးအချက်အလက်ကာကွယ်ရေးကော်မတီ Social Enterprise Committee ကိုတိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

ခြွင်းချက်အနေနဲ့ အများပြည်သူအကျိုးကိုရှေးရှုဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေတော့ ဒီအက်ဥပဒေထဲမှာ အကြုံးမဝင်ဘူးလို့ ဆိုပါတယ်။   

ကိုးကား-Khaosod

4 mins Ago

August 6, 2021

ပုဂ္ဂလိက ဆေးဝါးလုပ်ငန်းရှင်များကို ကိုဗစ်ကာကွယ်ဆေး တင်သွင်း၊ ဖြန့်ဖြူး၊ ထိုးနှံ့ခွင့်ပြု

မြန်မာပြည်တွင်း ပုဂ္ဂလိက ဆေးဝါးလုပ်ငန်းရှင်တွေအနေနဲ့  နိုင်ငံတကာနဲ့ အာရှဒေသအတွင်းမှာ ထိုးနှံဆောင်ရွက်နေတဲ့ အရည်အသွေးအာနိသင်ကောင်းပြီး ဘေးအန္ကရာယ်ကင်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တင်သွင်းဖြန့်ဖြူးတာ‎၊ ကာကွယ်ဆေးထိုနှံပေးတာတွေ ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန် ပါတယ်။

ဒီလုပ်ငန်းတွေကို ဆောင်ရွက်ချင်တဲ့ လုပ်ငန်းရှင်တွေက သတ်မှတ်အထောက်အထားတွေနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

တင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရရှိတဲ့ လုပ်ငန်းရှင်တွေက ကာကွယ်ဆေးအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အအေးထိန်းစနစ်ကို တိတိကျကျလိုက်နာရမှာဖြစ်ပြီးတော့ လိုအပ်တဲ့သင်တန်းပေးတာတွေ၊ ရေခဲသေတ္တာတပ်ဆင်တာတွေအတွက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ အတိုင်းဆောင်ရွက်ရမယ်လို့သိရပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုသတင်းပို့တာတွေကို ဝန်ကြီးဌာနရဲ့ သတင်းပေးပို့မှု စနစ်နဲ့ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းကတော့ တရုတ်ထုတ် Sinopharm  ကိုဗစ်ကာကွယ်ဆေးကို မိမိအစီအစဉ်နဲ့ ဝယ်ယူတင်သွင်းထိုးနှံဖို့ ခွင့်ပြုချက်ရရှိထားပြီး လူတစ်ဦးကို ကာကွယ်ဆေးနှစ်ကြိမ်စာအတွက် ကျပ် ၅၀၀  နဲ့ ထိုးနှံပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

Photo-MOH

10 months Ago
Up