close

ပုဂ္ဂလိက ဆေးဝါးလုပ်ငန်းရှင်များကို ကိုဗစ်ကာကွယ်ဆေး တင်သွင်း၊ ဖြန့်ဖြူး၊ ထိုးနှံ့ခွင့်ပြု

မြန်မာပြည်တွင်း ပုဂ္ဂလိက ဆေးဝါးလုပ်ငန်းရှင်တွေအနေနဲ့  နိုင်ငံတကာနဲ့ အာရှဒေသအတွင်းမှာ ထိုးနှံဆောင်ရွက်နေတဲ့ အရည်အသွေးအာနိသင်ကောင်းပြီး ဘေးအန္ကရာယ်ကင်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တင်သွင်းဖြန့်ဖြူးတာ‎၊ ကာကွယ်ဆေးထိုနှံပေးတာတွေ ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန် ပါတယ်။

ဒီလုပ်ငန်းတွေကို ဆောင်ရွက်ချင်တဲ့ လုပ်ငန်းရှင်တွေက သတ်မှတ်အထောက်အထားတွေနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

တင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရရှိတဲ့ လုပ်ငန်းရှင်တွေက ကာကွယ်ဆေးအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အအေးထိန်းစနစ်ကို တိတိကျကျလိုက်နာရမှာဖြစ်ပြီးတော့ လိုအပ်တဲ့သင်တန်းပေးတာတွေ၊ ရေခဲသေတ္တာတပ်ဆင်တာတွေအတွက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ အတိုင်းဆောင်ရွက်ရမယ်လို့သိရပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုသတင်းပို့တာတွေကို ဝန်ကြီးဌာနရဲ့ သတင်းပေးပို့မှု စနစ်နဲ့ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းကတော့ တရုတ်ထုတ် Sinopharm  ကိုဗစ်ကာကွယ်ဆေးကို မိမိအစီအစဉ်နဲ့ ဝယ်ယူတင်သွင်းထိုးနှံဖို့ ခွင့်ပြုချက်ရရှိထားပြီး လူတစ်ဦးကို ကာကွယ်ဆေးနှစ်ကြိမ်စာအတွက် ကျပ် ၅၀၀  နဲ့ ထိုးနှံပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

Photo-MOH

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up