close

ပုပ်ရဟန်းမင်း

close

December 14, 2022

ခရစ္စမတ်အသုံးစရိတ်လျှော့ပြီး ယူကရိန်းကို ကူညီရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အခုနှစ် ခရစ္စမတ်ပွဲတော်မှာ လက်ဆောင်ပစ္စည်းတွေကို လျှော့သုံးပြီး ယူကရိန်းနိုင်ငံသားတွေဆီ ဆောင်းတွင်းအအေးဒဏ်နဲ့ ငတ်မွတ်မှုကို ဖြတ်ကျော်နိုင်အောင် မတူညီတာတွေ ပေးပို့ပြီး ကူညီပေးဖို့ လူတွေကို ဒီဇင်ဘာ ၁၄ ရက်က တိုက်တွန်းလိုက်ပါတယ်။

“ခရစ္စမတ်ပွဲ ကျင်းပရတာ လှပပါတယ်။ ဒါပေမဲ့ ခရစ္စမတ်အသုံးစရိတ်ကို လျှော့ချလိုက်ပြီးတော့ အဲဒီအတွက် စုဆောင်းမိသွားတာတွေကို လိုအပ်နေတဲ့ ယူကရိန်းပြည်သူတွေဆီ ပို့ဆောင်လိုက်ပါ” လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားတာပါ။

ဖေဖော်ဝါရီမှာ ရုရှားက သူ့ရဲ့အိမ်နီးချင်းကို ကျူးကျော်ပြီးကတည်းက ယူကရိန်းနိုင်ငံအတွက် မေတ္တာရပ်ခံ ပန်ကြားနေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ သူ့ရဲ့ အပတ်စဉ် အထွေထွေ ပရိသတ်တွေနဲ့ တွေ့ဆုံအပြီးမှာ ကြိုတင်မရေးသားထားတဲ့ ပန်ကြားချက်ကို မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းမှာ ဒုက္ခတွေ အများကြီးရှိနေပြီး လာမယ့်လတွေမှာ ယူကရိန်းနိုင်ငံသားတွေ ကြုံတွေ့ရမယ့် အထူးပြဿနာတွေကို အာရုံစိုက်စေလိုကြောင်း ပုပ်ရဟန်းမင်းက မိန့်ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အကြီးမားဆုံး ပဋိပက္ခကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ အရပ်သား သန်းပေါင်းများစွာဟာ အခြေခံအဆောက်အဦတွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ လျှပ်စစ်ဓာတ်အား၊ အပူနဲ့ ရေတွေ ပြတ်တောက်တာ တွေကို သုညအောက် အပူချိန်တွေမှာ ရင်ဆိုင်နေရကြောင်း ပြောပါတယ်။

ရောမမြို့ရှိ ယူကရိန်းနိုင်ငံတော် အသင်းတော်ဖြစ်တဲ့ ဆန်တာ ဆိုဖီယာဟာ အီတလီလူမျိုးတွေကို အဝတ်အစားနဲ့ ဆေးဝါးတွေ လှူဒါန်းဖို့ ပန်ကြားချက်အသစ် ထုတ်ပြန်ခဲ့ပြီး စေတနာ့ဝန်ထမ်းတွေဟာ မတ်လကတည်းက ထရပ်ကားတွေနဲ့ တင်ဆောင်ပြီး ယူကရိန်းကို သယ်ဆောာင်ပေးခဲ့ပါတယ်။

12 hours Ago

December 12, 2022

တောင်ဆူဒန်ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း

တောင်ဆူဒန်နိုင်ငံရဲ့  နိုင်းမြစ်အထက်ပိုင်း ပြည်နယ်အတွင်း ဝေးလံခေါင်သီတဲ့ အရပ်ဒေသက ပြိုင်ဘက်လူငယ်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားအပြီး အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်မဲ့ ပြည်သူတွေ နေထိုင်ရတဲ့ စခန်းတခုဆီ တိုက်ပွဲက ပျံ့နှံ့သွားခဲ့ပါတယ်။

ဒါကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်ဆူဒန်မှာ ငြိမ်းချမ်းရေးအတွက် ဒီဇင်ဘာ ၁၁ ရက်က ဆုတောင်းပေးခဲ့ပါတယ်။

ဩဂုတ်လက စတင်ခဲ့တဲ့ နိုင်းမြစ်အထက်ပိုင်းပြည်နယ်က အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၉,၀၀၀ ကျော် သေဆုံးခဲ့ပြီး တချို့က ရွံ့တွေထဲမှာ ပုန်းအောင်းနေခဲ့ရတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက ဒီဇင်ဘာ ၇ ရက်မှာ ပြောပါတယ်။

နွားတွေ၊ စားကျက်နေရာတွေ၊ ရေ၊ စိုက်ပျိုးမြေနဲ့ တခြားအရင်းအမြစ်တွေအတွက် မကြာခဏဆိုသလို အသေအပျောက်များကုန်တဲ့ ဒေသဆိုင်ရာ အငြင်းပွားမှုတွေကြောင့် တောင်ဆူဒန်နိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ အကြမ်းဖက်မှုတွေ ပျံ့နှံ့နေပါတယ်။

3 days Ago
Up