တောင်ဆူဒန်ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း

တောင်ဆူဒန်နိုင်ငံရဲ့ နိုင်းမြစ်အထက်ပိုင်း ပြည်နယ်အတွင်း ဝေးလံခေါင်သီတဲ့ အရပ်ဒေသက ပြိုင်ဘက်လူငယ်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားအပြီး အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်မဲ့ ပြည်သူတွေ နေထိုင်ရတဲ့ စခန်းတခုဆီ တိုက်ပွဲက ပျံ့နှံ့သွားခဲ့ပါတယ်။
ဒါကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်ဆူဒန်မှာ ငြိမ်းချမ်းရေးအတွက် ဒီဇင်ဘာ ၁၁ ရက်က ဆုတောင်းပေးခဲ့ပါတယ်။
ဩဂုတ်လက စတင်ခဲ့တဲ့ နိုင်းမြစ်အထက်ပိုင်းပြည်နယ်က အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၉,၀၀၀ ကျော် သေဆုံးခဲ့ပြီး တချို့က ရွံ့တွေထဲမှာ ပုန်းအောင်းနေခဲ့ရတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက ဒီဇင်ဘာ ၇ ရက်မှာ ပြောပါတယ်။
နွားတွေ၊ စားကျက်နေရာတွေ၊ ရေ၊ စိုက်ပျိုးမြေနဲ့ တခြားအရင်းအမြစ်တွေအတွက် မကြာခဏဆိုသလို အသေအပျောက်များကုန်တဲ့ ဒေသဆိုင်ရာ အငြင်းပွားမှုတွေကြောင့် တောင်ဆူဒန်နိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ အကြမ်းဖက်မှုတွေ ပျံ့နှံ့နေပါတယ်။