close

ပူးပေါင်းစစ်ရေးလေ့ကျင့်

close

June 22, 2022

ဟန်ဂေရီတွင် ဥရောပ ၅ နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်

ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီ၊ စလိုဗက်ကီးယားနဲ့ စလိုဗေးနီးယားနိုင်ငံတွေက စစ်တပ်အဖွဲ့ဝင်တွေဟာ Fire blade 2022 လို့ခေါ်တဲ့ ရဟတ်ယာဉ် ပူးတွဲလေ့ကျင့်ခန်းကို ဇွန် ၂၁ ရက်က ဟန်ဂေရီနိုင်ငံ အနောက်ပိုင်းမှာ စတင်လိုက်ပါတယ်။

ဥရောပကာကွယ်ရေးအေဂျင်စီ (EDA) က ကျင်းပတဲ့ သီတင်း ၃ ပတ်ကြာ စစ်ရေးလေ့ကျင့်မှုဟာ ဥရောပနိုင်ငံ အတော်များများအကြားမှာ တိုက်ခိုက်ရေးနည်းပညာတွေ အမျိုးမျိုးကို ပူးပေါင်းဆောင်ရွက်နိုင်စွမ်း တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။

အာဖဂန်နစ္စတန်က ပြောက်ကျားသူပုန်တွေကနေ ယူကရိန်းပဋိပက္ခလို တနိုင်ငံက တနိုင်ငံကို ကျူးကျော်မှုအထိ အခြေအနေတွေကို လေ့ကျင့်ခန်းက အာရုံစိုက်ထားတယ်လို့ EDA ရဲ့ စီမံကိန်းအရာရှိ ဟိုဆေး ပါဘလို ရိုမေရာက ပြောပါတယ်။ ဒီလေ့ကျင့်ခန်းကို ၂၀၁၇ ခုနှစ်က နောက်ဆုံးလေ့ကျင့်ခဲ့တာပါ။

ယူကရိန်းစစ်ပွဲဟာ ဥရောပတပ်ဖွဲ့တွေ လှုပ်ရှားဆောင်ရွက်နေတဲ့ ဇာတ်ညွှန်းမဟုတ်ပေမဲ့ ဘယ်အရာအတွက်မဆို ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။

ရဟတ်ယာဉ်အစီး ၂၀၊ လေယာဉ် ၅ စီးနဲ့ မီးခိုးထုတ်စက် ၂ လုံးတို့သုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ ဓားစာခံကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြပါတယ်။

2 mins Ago

March 25, 2021

ဘင်္ဂလားပင်လယ်အော်တွင် အင်အားကြီး ၅ နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မည်

အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊  ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယရေတပ်တို့ ပူးပေါင်း ပါဝင်မယ့် La Perouse အမည်ရှိ ရေတပ်စစ်ဆင်ရေးလေ့ကျင့်မှုကို လာမယ့် ဧပြီ ၅ ရက်မှ ၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပြုလုပ်မယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ပါတယ်။

ပြင်သစ်ဦးဆောင်တဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယအနေနဲ့ ပထမဆုံးအကြိမ် ပါဝင်တာဖြစ်ပါတယ်။ 

ပြင်သစ်နဲ့အိန္ဒိယတို့ ပူးပေါင်းပြီးနှစ်စဉ်လုပ်ဆောင်နေကျ ဝရုဏစစ်ရေးလေ့ကျင့်မှုကိုလည်း ဧပြီလ နောက်ဆုံးပတ်မှာ ပြုလုပ်မယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယသမုဒ္ဒရာအနောက်ဘက်ပိုင်းမှာ ပြုလုပ်မယ့် အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates) လည်း ပါဝင်မယ်လို့ သိရပါတယ်။

အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်နိုင်ငံရဲ့ အင်အားတိုးချဲ့မှုကို တန်ပြန်တဲ့သဘောနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းကာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေကို ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလအတွင်းက တောင်တရုတ်ပင်လယ်မှာလုပ်ခဲ့တဲ့  ၄ နိုင်ငံအဖွဲ့ (The Quad) ရဲ့ စစ်ရေးလေ့ကျင့်မှုမှာလည်း အိန္ဒိယ ပါဝင်ခဲ့ပါတယ်။

ကိုးကား- India Today

1 year Ago
Up