ကိုလံဘီယာနိုင်ငံမှာ ဇွန် ၁၉ ရက်က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ဝဲဝါဒီ နဲ့ M-19 ပြောက်ကျားလှုပ်ရှားမှု အဖွဲ့ဝင်ဟောင်း ဂက်စ်တာဗို ပေထရိုက အနိုင်ရခဲ့ပါတယ်။
သူကတော့ တိုင်းပြည်သမိုင်းမှာ ပထမဆုံးအနေနဲ့ လေးနက်တဲ့ လူမှုရေး၊ စီးပွားရေး အပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။
သူဟာ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး ရိုဒေါဖှို ဟာနန်ဒက်ဇ်ကို မမျှော်လင့်ဘဲ မဲ ၇သိန်း ကျော် အသာနဲ့ အနိုင်ရခဲ့တာပါ။
နိုင်ငံတွင်း နက်ရှိုင်းတဲ့ မညီမျှမှုတွေကို တိုက်ဖျက်ရေး ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို သရုပ်ပြတာလို့ အကဲခတ်တွေက ပြောပါတယ်။
ပေထရိုဟာ ဘိုကိုတာမြို့တော်ရဲ့ မြို့တော်ဝန်ဟောင်း ဖြစ်သလို လက်ရှိ အထက်လွှတ်တော် အမတ်ပါ။
အခမဲ့ တက္ကသိုလ် ပညာရေး၊ အငြိမ်းစားစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်း မလုပ်နေတဲ့ မြေတွေအတွက် အခွန်မြှင့်ကောက်ရင်း မညီမျှမှုတွေကို တိုက်ဖျက်သွားမယ်လို့ သူက ကတိပြုထားပါတယ်။
သူဟာ မဲစုစုပေါင်းရဲ့ ၅၀ ဒသမ ၅ ရာခိုင်နှုန်းအနိုင်ရခဲ့ပြီး ဟာနန်ဒက်ဇ်ကတော့ ၄၇ ဒသမ ၃ ရာခိုင်နှုန်း ရခဲ့တာပါ။
လက်ရှိ ကန်ထရိုက်တွေကို လေးစားဖို့ ကတိပြုထားပေမဲ့ နောက်ထပ် ရေနံ စီမံကိန်း အသစ်တွေကို တားမြစ်ပိတ်ပင်ဖို့ အပါအဝင် ပေထရိုရဲ့ အဆိုပြုချက်တွေကြောင့် ရင်းနှီးမြှုပ်နှံသူတချို့ ထိတ်လန့်ခဲ့ပါတယ်။
ပြောင်းလဲမှုဟာ ဂိုဏ်းဂဏစွဲဝါဒကို ချန်ထားခဲ့ဖို့ပါလို့ ပေထရိုက အားပေးထောက်ခံသူတွေကို ဘိုဂိုတာမြို့တော်က ဂီတ ဖျော်ဖြေပွဲစင်မြင့်ပေါ်ကနေ ပြောခဲ့ပါတယ်။
အသက် ၆၂ နှစ်အရွယ် ပေထရိုဟာ ပြောက်ကျားတွေနဲ့ ပတ်သက်မှုကြောင့် ထိန်းသိမ်းခံရတုန်းက စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရဖူးပါတယ်။
သူ့ရဲ့ အောင်ပွဲဟာ အပြောင်းအလဲအတွက် အဆင့်မြင့် လက်နက်ကိုင် အရာရှိများကို တွန်းအားပေးနေခဲ့တယ်လို့ မီဒီယာတွေက ပြောပါတယ်။
ပေထရို ရဲ့ ရွေးကောက်ပွဲ အရွေးခံဖော်ဖြစ်သူ ဖရန်စီယာ မားကက်ဇ်ကတော့ တကိုယ်ရေမိခင်နှင့် အိမ်ထိန်းဖြစ်သူပါ။
သူဟာ နိုင်ငံရဲ့ ပထမဆုံးသော အာဖရိကန် ကိုလံဘီယာ ကပြား အမျိုးသမီး ဒုသမ္မတ ဖြစ်လာပါလိမ့်မယ်။
ပေထရိုက FARC သူပုန်တွေနဲ့ 2016 ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ကတိပြုထားပြီး တက်ကြွနေဆဲ ELN ပြောက်ကျားတွေနဲ့ ဆွေးနွေးပွဲဖို့ ကတိပြုထားပါတယ်။
ကိုလံဘီယာနိုင်ငံတွင် မေလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ရှေ့ပြေးနေသူ ဂတ်စ်တာဗိုပေထရိုဟာ လက်ဝဲယိမ်း သမိုင်းဝင်ညွန့်ပေါင်းအဖွဲ့အတွက် သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် ပါတီကိုယ်စားလှယ်အကြို ရွေးကောက်ပွဲမှာ မတ်လ ၁၃ ရက်က မဲပေး ရွေးချယ်ခံခဲ့ရပါတယ်။
ဗဟိုဝါဒီ ဆာဂီယို ဖှာဂျာဒိုနဲ့ လက်ယာယိမ်းဝါဒီ ဖယ်ဒရစ်ကို ဂုတီယာရက်ဇ်တို့ဟာလည်း သူတို့ရဲ့ ညွန့်ပေါင်းအဖွဲ့တွေအတွက် နာမည်စာရင်း တင်သွင်းဖို့ လျာထားခံခဲ့ရပါတယ်။
မဲဆန္ဒရှင်တွေဟာ အောက်လွှတ်တော်အမတ်နေရာ ၁၈၇ နေရာနဲ့ အထက်လွှတ်တော်အမတ်နေရာ ၁၀၈ နေရာအတွက်လည်း မဲပေးခဲ့ကြပါတယ်။
ကိုလံဘီယာ အောက်လွှတ်တော်အတွက် အမတ်နေရာတွေဟာ လတ်တလော ရွေးကောက်ပွဲတွေ အတွင်း ပါတီတွေ အတော်များများကြားမှာ မဲကွဲသွားခဲ့လို့ သမ္မတတွေဟာ လွှတ်တော်မှာ အတည်ပြုခံရဖို့ ညွန့်ပေါင်းအဖွဲ့တွေ တည်ဆောက်ကြရပါတယ်။
ပြီးပြည့်စုံတဲ့ မဲရလဒ်ကိုတော့ မတ်လ ၁၄ ရက် ဒီနေ့ ကြေညာနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။