ကိုလံဘီယာ သမ္မတလောင်းကိုယ်စားလှယ်အဖြစ် လက်ဝဲယိမ်းညွန့်ပေါင်းအဖွဲ့က ပေထရို ကို ရွေးချယ်

ကိုလံဘီယာနိုင်ငံတွင် မေလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ရှေ့ပြေးနေသူ ဂတ်စ်တာဗိုပေထရိုဟာ လက်ဝဲယိမ်း သမိုင်းဝင်ညွန့်ပေါင်းအဖွဲ့အတွက် သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် ပါတီကိုယ်စားလှယ်အကြို ရွေးကောက်ပွဲမှာ မတ်လ ၁၃ ရက်က မဲပေး ရွေးချယ်ခံခဲ့ရပါတယ်။
ဗဟိုဝါဒီ ဆာဂီယို ဖှာဂျာဒိုနဲ့ လက်ယာယိမ်းဝါဒီ ဖယ်ဒရစ်ကို ဂုတီယာရက်ဇ်တို့ဟာလည်း သူတို့ရဲ့ ညွန့်ပေါင်းအဖွဲ့တွေအတွက် နာမည်စာရင်း တင်သွင်းဖို့ လျာထားခံခဲ့ရပါတယ်။
မဲဆန္ဒရှင်တွေဟာ အောက်လွှတ်တော်အမတ်နေရာ ၁၈၇ နေရာနဲ့ အထက်လွှတ်တော်အမတ်နေရာ ၁၀၈ နေရာအတွက်လည်း မဲပေးခဲ့ကြပါတယ်။
ကိုလံဘီယာ အောက်လွှတ်တော်အတွက် အမတ်နေရာတွေဟာ လတ်တလော ရွေးကောက်ပွဲတွေ အတွင်း ပါတီတွေ အတော်များများကြားမှာ မဲကွဲသွားခဲ့လို့ သမ္မတတွေဟာ လွှတ်တော်မှာ အတည်ပြုခံရဖို့ ညွန့်ပေါင်းအဖွဲ့တွေ တည်ဆောက်ကြရပါတယ်။
ပြီးပြည့်စုံတဲ့ မဲရလဒ်ကိုတော့ မတ်လ ၁၄ ရက် ဒီနေ့ ကြေညာနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။