close

ပေါက်ကွဲသံ

close

January 1, 2023

ကိယက်ဗ်မြို့၌ နှစ်သစ်ကူးည ပေါက်ကွဲသံများ ထွက်ပေါ်

နှစ်သစ်ကူးနေ့ ညသန်းခေါင်ကျော်အပြီး မကြာခင်မှာ ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်ရဲ့ အနီးတဝိုက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ရိုက်တာ သတင်းဌာနကို သတင်းပေးခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံတဝန်းလုံးမှာ လေကြောင်းတိုက်ခိုက်မှု ဥသြသံတွေ အဆက်မပြတ် မြည်နေတယ်လို့ အရေးပေါ် ဝန်ဆောင်မှုတွေက ပြောပါတယ်။ 

အချက်ပေးဥဩသံတွေနဲ့အတူ ကိယက်ဗ်မြို့ခံ တချို့က သူတို့ရဲ့ လသာဆောင်ကို ထွက်ပြီး "Glory to Ukraine- ယူကရိန်းအတွက် ဂုဏ်ယူတယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။

ကိယက်ဗ်မြို့ နဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လုပ်နေတယ်လို့ တယ်လီဂရမ် စာတိုပေးပို့ရေး အက်ပ်မှာ ပြောခဲ့ကြပါတယ်။ ပစ်မှတ်တွေကို ထိမှန်ခြင်း ရှိမရှိ ချက်ခြင်း မသိရသေးပါဘူး။ 

3 mins Ago

September 9, 2021

ပေါက်ကွဲသံများကြောင့် လောက်ကိုင်မြို့နေ ပြည်သူများ စိုးရိမ်ထိတ်လန့်

မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အနီးမှာ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲသံတွေ ကြားနေရတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်ထိပ်လန့်နေကြပါတယ်။

"ပေါက်ကွဲသံတွေက တောင်ညီနောက်ဘက်ကနေ ကြားရတာပါ။ အသံအတော်ကျယ်တယ်" လို့ မြန်မာ‌ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။

လောက်ကိုင်မြို့ကနေ ကြားနေရတဲ့ ပေါက်ကွဲသံတွေဟာ တရုတ်နိုင်ငံ တပ်မတော်က နှစ်နိုင်ငံ နယ်စပ်စည်းမျဥ်းတစ်လျှောက်မှာ ထောင်ထားတဲ့ သက်တမ်းလွန်မိုင်းတွေကို ဖောက်ခွဲဖျက်ဆီးနေတာလို့ စစ်ကောင်စီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောင်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာ ၂၀၁၅ ခုနှစ်က စတင်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်အကျိုးပြုတပ်မတော် (MNDAA) ကိုးကန့်တပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများခဲ့ပြီး MNDAA (ကိုးကန့်တပ်)တွေဟာ လောက်ကိုင်မြို့အတွင်းကို စီးနင်းဝင်ရောက် တိုက်ခိုက်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အခုလက်ရှိလည်း မြန်မာ- တရုတ်နယ်စပ် မုံးကိုးဒေသမှာ MNDAA (ကိုးကန့်တပ်) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပါတယ်။

MNDAA ကိုးကန့်တပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စက်တင်ဘာလ(၇)ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ခုခံကာကွယ်စစ်စတင်ပြီးဖြစ်ကြောင်း နိုင်ငံတော်အရေးပေါ်ကြေညာချက်ကို တရားဝင်ကြိုဆိုထောက်ခံခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

1 year Ago
Up