ကိယက်ဗ်မြို့၌ နှစ်သစ်ကူးည ပေါက်ကွဲသံများ ထွက်ပေါ်

နှစ်သစ်ကူးနေ့ ညသန်းခေါင်ကျော်အပြီး မကြာခင်မှာ ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်ရဲ့ အနီးတဝိုက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ရိုက်တာ သတင်းဌာနကို သတင်းပေးခဲ့ပါတယ်။
ယူကရိန်းနိုင်ငံတဝန်းလုံးမှာ လေကြောင်းတိုက်ခိုက်မှု ဥသြသံတွေ အဆက်မပြတ် မြည်နေတယ်လို့ အရေးပေါ် ဝန်ဆောင်မှုတွေက ပြောပါတယ်။
အချက်ပေးဥဩသံတွေနဲ့အတူ ကိယက်ဗ်မြို့ခံ တချို့က သူတို့ရဲ့ လသာဆောင်ကို ထွက်ပြီး "Glory to Ukraine- ယူကရိန်းအတွက် ဂုဏ်ယူတယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။
ကိယက်ဗ်မြို့ နဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လုပ်နေတယ်လို့ တယ်လီဂရမ် စာတိုပေးပို့ရေး အက်ပ်မှာ ပြောခဲ့ကြပါတယ်။ ပစ်မှတ်တွေကို ထိမှန်ခြင်း ရှိမရှိ ချက်ခြင်း မသိရသေးပါဘူး။