close

ပေါင်သန်း ၁၀၀

close

April 8, 2022

ကွင်းလယ်လူနီဗက်စ် ပေါင်သန်း ၁၀၀ တန်ကြေးရှိကြောင်း ဝုဗ်နည်းပြ သတ်မှတ်

ကွင်းလယ်လူရူဘင်နီဗက်စ်ဟာ ထူးခြားတဲ့အရည်အချင်းတွေရှိပြီး ပေါင်သန်း ၁၀၀ တန်တဲ့ ကစားသမားဖြစ်တယ်လို့ ဝုဗ်နည်းပြ ဘရူနိုလက်ချ်က ပြောပါတယ်။ 

ပေါ်တူဂီကွင်းလယ်လူ နီဗက်စ်ကို ထိပ်တန်းအသင်းတွေဖြစ်ကြတဲ့ မန်ယူ၊ လီဗာပူး၊ အာဆင်နယ်၊ ဘာစီလိုနာ အစရှိတဲ့အသင်းတွေက ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်နေတာပါ။ 

အသက် ၂၅ နှစ်ရှိ ကွင်းလယ်လူဟာ ဝုဗ်အသင်းနဲ့  ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသေးပေမယ့် လက်ခံနိုင်တဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုရင် ဝုဗ် အသင်းက ရောင်းချဖို့ရှိပါတယ်။ 

နည်းပြ ဘရူနိုလက်ချ်ကတော့ နီဗက်စ်က ထူးခြားတဲ့ ကစားသမားဖြစ်ပြီး ထိပ်တန်းအသင်းတွေအနေနဲ့ သူ့အတွက် ပေါင်သန်း ၁ဝဝ ပေးချေဖို့ အဆင်သင့်ရှိလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။ 

“ဒီရာသီမှာ သူခြေစွမ်းပြနေတယ်။ အခုထက်ပိုကောင်းလာနိုင်ပြီး သူက အသင်းကို တဆင်မြှင့်တင်ပေးနိုင်သူဖြစ်တယ်။ ခံစစ်ရော၊ တိုက်စစ်ပါ ကစားနိုင်ပြီး ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ အရည်အချင်းရှိတဲ့ သူ့အတွက် ထိပ်တန်းအသင်း တွေက ပေါင်သန်း ၁ဝဝ ပေးချေဖို့ အသင့်ရှိကြပါတယ်။ ဒီလိုကစားသမားတဦးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးရမယ့်အရာကတော့ လုပ်ခလစာတိုးပေးပြီး စာချုပ်ရှည်ချုပ်ဆိုထားပါပဲ” လို့ နည်းပြ ဘရူနိုလက်ချ်ကပြောပါတယ်။ 

နီဗက်စ်ဟာ လက်ရှိအချိန်မှာတော့ ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး မေလအတွင်းမှသာ ပြန်လည်ကစားနိုင်ဖို့ရှိပါတယ်။ 

8 mins Ago

December 4, 2020

ဂရီးလစ်ချ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အက်စတွန်ဗီလာ သတ်မှတ်

အက်စတွန်ဗီလာအသင်းဟာ အင်္ဂလန်လက်ရွေးစင် ဂျက်ဂရီးလစ်ချ်အတွက် ပေါင်သန်း၁၀၀ ဈေးနူန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။  ဂရီးလစ်ချ်ဟာ အခုနှစ်ရာသီမှ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမဲ့ နိုင်ငံ အသင်းရော ကလပ်အသင်းမှာပါ ခြေစွမ်းပြသနိုင်ခဲ့တာပါ။  ဂရီးလစ်ချ်ကို ပြီးခဲ့တဲ့ရာသီကတည်းက မန်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ ပေမဲ့  ဗီလာအသင်းက ၅ နှစ်စာချုပ်နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။  လက်ရှိအချိန်မှာ ပြသနေတဲ့  ဂရီးလစ်ချ်ရဲ့ ခြေစွမ်းကို  မန်စီးတီးနဲ့ စပါးအသင်း တွေကလည်း သဘောကျနေပြီး လာမယ့်အပြောင်းအရွှေ့တွေမှာ ခေါ်ယူဖို့ ကြိုးပမ်းနိုင်တယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။  အသက် ၂၅နှစ်ရှိ ဂရီးလစ်ချ်ဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၅ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားပါတယ်။ 
1 year Ago
Up