close

ကွင်းလယ်လူနီဗက်စ် ပေါင်သန်း ၁၀၀ တန်ကြေးရှိကြောင်း ဝုဗ်နည်းပြ သတ်မှတ်

ကွင်းလယ်လူရူဘင်နီဗက်စ်ဟာ ထူးခြားတဲ့အရည်အချင်းတွေရှိပြီး ပေါင်သန်း ၁၀၀ တန်တဲ့ ကစားသမားဖြစ်တယ်လို့ ဝုဗ်နည်းပြ ဘရူနိုလက်ချ်က ပြောပါတယ်။ 

ပေါ်တူဂီကွင်းလယ်လူ နီဗက်စ်ကို ထိပ်တန်းအသင်းတွေဖြစ်ကြတဲ့ မန်ယူ၊ လီဗာပူး၊ အာဆင်နယ်၊ ဘာစီလိုနာ အစရှိတဲ့အသင်းတွေက ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်နေတာပါ။ 

အသက် ၂၅ နှစ်ရှိ ကွင်းလယ်လူဟာ ဝုဗ်အသင်းနဲ့  ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသေးပေမယ့် လက်ခံနိုင်တဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုရင် ဝုဗ် အသင်းက ရောင်းချဖို့ရှိပါတယ်။ 

နည်းပြ ဘရူနိုလက်ချ်ကတော့ နီဗက်စ်က ထူးခြားတဲ့ ကစားသမားဖြစ်ပြီး ထိပ်တန်းအသင်းတွေအနေနဲ့ သူ့အတွက် ပေါင်သန်း ၁ဝဝ ပေးချေဖို့ အဆင်သင့်ရှိလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။ 

“ဒီရာသီမှာ သူခြေစွမ်းပြနေတယ်။ အခုထက်ပိုကောင်းလာနိုင်ပြီး သူက အသင်းကို တဆင်မြှင့်တင်ပေးနိုင်သူဖြစ်တယ်။ ခံစစ်ရော၊ တိုက်စစ်ပါ ကစားနိုင်ပြီး ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ အရည်အချင်းရှိတဲ့ သူ့အတွက် ထိပ်တန်းအသင်း တွေက ပေါင်သန်း ၁ဝဝ ပေးချေဖို့ အသင့်ရှိကြပါတယ်။ ဒီလိုကစားသမားတဦးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးရမယ့်အရာကတော့ လုပ်ခလစာတိုးပေးပြီး စာချုပ်ရှည်ချုပ်ဆိုထားပါပဲ” လို့ နည်းပြ ဘရူနိုလက်ချ်ကပြောပါတယ်။ 

နီဗက်စ်ဟာ လက်ရှိအချိန်မှာတော့ ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး မေလအတွင်းမှသာ ပြန်လည်ကစားနိုင်ဖို့ရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up