close

ပေါင်းတည်ထောင်

close

April 17, 2023

ပြည်ထောင်နှင့် ပေါင်းတည်ထောင်မှ စစ်ပြေးနှင့် မူးယစ်ဆေးအမှုဖြင့်ထောင်ကျခံရနေသူများ ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသားများ မပါဝင်

မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီက အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အထဲ ပဲခူးတိုင်း ပြည်ထောင်နဲ့ ပေါင်းတည်အကျဉ်းထောင်တွေမှာ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တယောက်မှ ပါမလာဘဲ စစ်ပြေးနဲ့ မူးယစ်ဆေးအမှုနဲ့ ထောင်ကျခံနေရသူတွေသာ ပါဝင်တယ်လို့  ထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပြည်မြို့ခံ နိုင်ငံရေးအကျဉ်းသားတယောက်က “ပြည်ထောင်ကနေ  စစ်ပြေး နှစ်ယောက်၊ ရဲပြေးတယောက်လွှတ်လိုက်ပြီ။ မနက် ၁၀ နာရီလောက်ကပဲ၊ ကျနော်လိုက်မေးပြီးသွားပြီ၊ ဒါပဲလွှတ်တာတဲ့။ ကိုယ့်လူတွေ လွတ်မယ်ထင်လို လာစောင့်နေတာ။ သူတို့က သူတို့လူတွေပဲ ပြန်လွှတ်ပေးတာနေမှာ”  ပြောပါတယ်။ 

ပေါင်းတည်အကျဉ်းထောင်ကနေလည်း မူးယစ်ဆေးဝါးအမှုနဲ့ ၄ ယောက်၊ စစ်ပြေး ၆ ယောက်ကို ဒီမနက် ၈ နာရီကျော်လောက်မှာ  လွှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူထံက သိရပါတယ်။

“အဲ့ဒီမှာလည်း နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဘူး၊ အထဲမှာ နိုင်ငံရေးအကျဉ်းသား အများကြီးရှိတာတောင် ထည့်လွှတ်မပေးဘူး”လို့ ပေါင်းတည်ထောင်ကနေ  ပြီးခဲ့တခေါက်က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က ပြောပါတယ်။

ပြည်ထောင်နဲ့ ပေါင်းတည်ထောင်ကနေ ပြန်လွတ်လာသူတွေအထဲမှာ စစ်ပြေး ၈ ယောက်၊ ရဲပြေး ၁ ယောက်၊ မူးယစ်ဆေးဝါးမှု ၄ ယောက် စုစုပေါင်း  ၁၃ ယောက် ပါဝင်တယ်လို့သိရပါတယ်။

မြန်မာ့နှစ်သစ်ကူးမှာ  အကျဉ်းသား ၃၁၀၀ ကျော်ကို စစ်ကောင်စီက  ပြစ်ဒဏ် လွတ်ငြိမ်းခွင်ပြုမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာလည်း အကျဉ်းသား မိသားစုဝင်တွေ မနက်အ​စောပိုင်းကတည်းက လာရောက်စောင့်ဆိုင်းနေကြပါတယ်။ 

11 mins Ago

June 30, 2021

ပြည်ထောင်နှင့် ပေါင်းတည်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး လွတ်မြောက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်းရှိ ပုဒ်မ ၅၀၅/က အပါအဝင် အခြားနိုင်ငံရေးပုဒ်မတွေနဲ့ ပြည်အကျဉ်းထောင်နဲ့ ပေါင်တည်အကျဉ်းထောင်တို့မှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၄ ဦးအပါအဝင် ၂၂ ဦး ဒီကနေ့ ညနေပိုင်းက ပြန်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ပြည်ထောင်ရှေ့ရောက် ဒေသခံတဦးက "ပထမ စာရင်းကြားတာ ၂၅ ယောက်လို့ကြားတယ်။ တကယ်လွတ်လာတော့ ၁၃ ယောက်ထဲရယ်။ အမျိုးသမီးက ၅ ယောက်၊ အမျိုးသားက ၈ ယောက်၊ အများစုကျန်နေသေးတယ်။ နိုင်ငံရေးနောက်ခံလုပ်ခဲ့ဘူးတဲ့လူတွေရယ်၊ CDM ဝန်ထမ်းတွေရယ်၊ ဆန္ဒပြတဲ့ကလေးတွေတော့ ပါမလာဘူး။ မနက်အစောကြီးကတည်းက ထောင်ရှေ့မှာ မိသားစုဝင်တွေ စောင့်နေတာ၊ ပါမလာလို့ စိတ်လျော့ပြီး ပြန်သွားကြတယ်" လို့ ပြောပါတယ်။

ပြည်ခရိုင်၊ ပေါင်းတည်ထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား အမျိုးသား ၉ ဦးလွှတ်ပေးဖို့ စီစဉ်ထားကြောင်းနဲ့ ညနေပိုင်အထိ မိသားစုဝင်များ ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြောင်း ဒေသခံတဦးက ပြောပါတယ်။

"ပေါင်းတည်မှာက ၉ ယောက်။ ၈ ယောက်က သာယာဝတီခရိုင်ထဲက၊ ၁ ယောက်ကတော့ သဲကုန်းမြို့နယ် အင်းမကလို့ သိရတယ်။ အမှန်က ခပ်စောစောလွှတ်ပေးဖို့ပဲ ဒီနေ့ အုပ်ကြီးတယောက် အသတ်ခံရတော့ အဲဒီဘက်ကို ညိုးနေတာနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ နောက်ကျနေတယ်လို့ ပြောတယ်။”

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်အတွင်းက နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၁၃ ဦးအပါအဝင် ၅၁ ဦးလည်း ပြန်လွတ်လာတယ်လို့ သိရပါတယ်။

2 years Ago
Up