close

ပြည်ထောင်နှင့် ပေါင်းတည်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး လွတ်မြောက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်းရှိ ပုဒ်မ ၅၀၅/က အပါအဝင် အခြားနိုင်ငံရေးပုဒ်မတွေနဲ့ ပြည်အကျဉ်းထောင်နဲ့ ပေါင်တည်အကျဉ်းထောင်တို့မှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၄ ဦးအပါအဝင် ၂၂ ဦး ဒီကနေ့ ညနေပိုင်းက ပြန်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ပြည်ထောင်ရှေ့ရောက် ဒေသခံတဦးက "ပထမ စာရင်းကြားတာ ၂၅ ယောက်လို့ကြားတယ်။ တကယ်လွတ်လာတော့ ၁၃ ယောက်ထဲရယ်။ အမျိုးသမီးက ၅ ယောက်၊ အမျိုးသားက ၈ ယောက်၊ အများစုကျန်နေသေးတယ်။ နိုင်ငံရေးနောက်ခံလုပ်ခဲ့ဘူးတဲ့လူတွေရယ်၊ CDM ဝန်ထမ်းတွေရယ်၊ ဆန္ဒပြတဲ့ကလေးတွေတော့ ပါမလာဘူး။ မနက်အစောကြီးကတည်းက ထောင်ရှေ့မှာ မိသားစုဝင်တွေ စောင့်နေတာ၊ ပါမလာလို့ စိတ်လျော့ပြီး ပြန်သွားကြတယ်" လို့ ပြောပါတယ်။

ပြည်ခရိုင်၊ ပေါင်းတည်ထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား အမျိုးသား ၉ ဦးလွှတ်ပေးဖို့ စီစဉ်ထားကြောင်းနဲ့ ညနေပိုင်အထိ မိသားစုဝင်များ ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြောင်း ဒေသခံတဦးက ပြောပါတယ်။

"ပေါင်းတည်မှာက ၉ ယောက်။ ၈ ယောက်က သာယာဝတီခရိုင်ထဲက၊ ၁ ယောက်ကတော့ သဲကုန်းမြို့နယ် အင်းမကလို့ သိရတယ်။ အမှန်က ခပ်စောစောလွှတ်ပေးဖို့ပဲ ဒီနေ့ အုပ်ကြီးတယောက် အသတ်ခံရတော့ အဲဒီဘက်ကို ညိုးနေတာနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ နောက်ကျနေတယ်လို့ ပြောတယ်။”

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်အတွင်းက နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၁၃ ဦးအပါအဝင် ၅၁ ဦးလည်း ပြန်လွတ်လာတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up