close

ပေါလ်မာဆန်

close

March 28, 2023

အင်္ဂလန်ဟာ ချန်ပီယံဖြစ်နိုင်သည့်အသင်းဖြစ်လာပြီဟု ပေါလ်မာဆန် ချီးကျူး

အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းဟာ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်းဖြစ်လာပြီလို့ ကစားသမားဟောင်း ပေါလ်မာဆန်က သုံးသပ်ပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ် နှစ်ပွဲမှာ အီတလီနဲ့ ယူကရိန်းတို့ကို အနိုင်ရခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

အင်္ဂလန်အသင်းကို ပြိုင်ပွဲတစ်ပွဲမှာ ချန်ပီယံဖြစ်မယ်လို့ ဘဝတလျှောက်လုံးမှာ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာတော့  ချန်ပီယံဖြစ်နိုင်တဲ့အသင်းဖြစ်လာပြီလို့ ပေါလ်မာဆန်က ပြောပါတယ်။

အများစုက နည်းပြဆောက်ဂိတ်ကို ဝေဖန်လေ့ရှိကြပေမဲ့ အဲဒီအပေါ်နားမလည်နိုင်ကြောင်း အင်္ဂလန်အသင်းဟာ ဆောက်ဂိတ်လက်ထက်ရောက်မှ ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ဖို့ မျှော်မှန်းနိုင်တဲ့အသင်း ဖြစ်လာဖြစ်ကြောင်း ပေါလ်မာဆန်ကပြောပါတယ်။

အင်္ဂလန်အသင်းဟာ နည်းပြဆောက်ဂိတ်လက်ထက်မှာ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲတက်ခဲ့သလို ကမ္ဘာ့ဖလားမှာလည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ပါသေးတယ်။ 

14 mins Ago

February 14, 2022

နည်းပြ ရက်ဖ်ရင်းနစ်ခ်အား ထုတ်ပယ်ရန် မန်ယူအသင်းကို ပေါလ်မာဆန် တိုက်တွန်း

မန်ယူနိုက်တက်အနေနဲ့ နည်းပြ ရက်ဖ်ရင်းနစ်ခ်ကို ထုတ်ပယ်သင့်ပြီလို့ ကစားသမားဟောင်း ပေါလ်မာဆန်က တိုက်တွန်းသွားပါတယ်။

ဂျာမန်နည်းပြ ရင်းနစ်ခ်ဟာ မန်ယူအသင်းကို ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးဘဲ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ မရေမရာဖြစ်နေပါတယ်။ 

နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၅ မှာ ရပ်တည်နေပေမယ့် ပြိုင်ဘက်တွေထက် ၂ ပွဲပိုကစားထားတာပါ။ 

နည်းပြ ရင်းနစ်ခ်အနေနဲ့ ရာသီကုန်ဆုံးချိန်မှာလည်း အသင်းမှာ ဆက်ရှိဖို့မဖြစ်နိုင်ဘဲ လက်ရှိအချိန်မှာတောင် ထုတ်ပယ်သွားသင့်တယ်လို့ စကိုင်းစပေါ့ရုပ်သံကနေ ပေါလ်မာဆန်က ပြောသွားပါတယ်။ 

“သူတို့အသင်းက တိုးတက်မှုတွေရှိလာတယ်လို့ သတင်းတွေထဲမှာ ဖတ်နေရတယ်။ တိုးတက်လာတာ မရှိပါဘူး။ လက်ရှိသွားနေတဲ့ပုံစံအရ ရင်းနစ်ခ်ဟာ  ဆက်ရှိမယ်လို့ မထင်ပါဘူး။ ထိပ်ဆုံးလေးသင်းစာရင်း မဝင်ဘူး၊ နည်းပြရင်းနစ်ခ်လည်း ဆက်ရှိမယ်ဆိုရင်တော့ အံ့အားသင့်စရာ ဖြစ်လိမ့်မယ်။”

မန်ယူအသင်းအနေနဲ့ နည်းပြသစ်ခန့်အပ်ဖို့အတွက် ရာသီအကုန်အထိ စောင့်ဆိုင်းနေတာက မယုံကြည်နိုင်စရာကောင်းနေတယ်လို့လည်း ပေါလ်မာဆန်က စကိုင်းစပေါ့ကနေ ဝေဖန်သွားခဲ့ပါတယ်။

1 year Ago
Up