အင်္ဂလန်ဟာ ချန်ပီယံဖြစ်နိုင်သည့်အသင်းဖြစ်လာပြီဟု ပေါလ်မာဆန် ချီးကျူး

အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းဟာ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်းဖြစ်လာပြီလို့ ကစားသမားဟောင်း ပေါလ်မာဆန်က သုံးသပ်ပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ် နှစ်ပွဲမှာ အီတလီနဲ့ ယူကရိန်းတို့ကို အနိုင်ရခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
အင်္ဂလန်အသင်းကို ပြိုင်ပွဲတစ်ပွဲမှာ ချန်ပီယံဖြစ်မယ်လို့ ဘဝတလျှောက်လုံးမှာ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာတော့ ချန်ပီယံဖြစ်နိုင်တဲ့အသင်းဖြစ်လာပြီလို့ ပေါလ်မာဆန်က ပြောပါတယ်။
အများစုက နည်းပြဆောက်ဂိတ်ကို ဝေဖန်လေ့ရှိကြပေမဲ့ အဲဒီအပေါ်နားမလည်နိုင်ကြောင်း အင်္ဂလန်အသင်းဟာ ဆောက်ဂိတ်လက်ထက်ရောက်မှ ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ဖို့ မျှော်မှန်းနိုင်တဲ့အသင်း ဖြစ်လာဖြစ်ကြောင်း ပေါလ်မာဆန်ကပြောပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြဆောက်ဂိတ်လက်ထက်မှာ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲတက်ခဲ့သလို ကမ္ဘာ့ဖလားမှာလည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ပါသေးတယ်။