နီကာရာဂွါနိုင်ငံမှာ ဂျီနိုတီဂါကနေ ဆန်ဆဘေးရှန်ဒီရလီကို ထွက်ခွာလာတဲ့ ခရီးသည် ၆၀ လောက် လိုက်ပါလာတဲ့ ဘတ်စ်ကားတစီးဟာ အာဖရိကပျားအုံတွေရှိတဲ့ ဧရိယာမှာ ကားမှောက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လူသတ်ပျားလို့ လူသိများတဲ့ အာဖရိကပျားတွေဟာ ကားပေါ်က ခရီးသည် ၄၅ ယောက်ကို တုပ်ခဲ့ပါတယ်။
မီးသတ်ဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ ရောက်မလာခင်မှာ ဒေသခံတွေက ခရီးသည်တွေကို ကူညီကယ်ဆယ်ခဲ့ကြပါတယ်။
မေ ၈ ရက်နေ့မှာ ပျားဆိပ်တက်ပြီး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ကနဦး သတင်းရရှိခဲ့ပြီး နောက်ထပ် ၂ ဦးဟာ ဆေးရုံကိုပို့ဆောင်ပြီးနောက် သေဆုံးခဲ့ကြောင်း ထုတ်ဖော်ပြောကြားပါတယ်။
ပျားဆိပ်တက်လို့ သေဆုံးသွားသူတွေထဲမှာ အသက်၈ နှစ်အရွယ် အန်ဒရာ ကယ်ရိုလီနာနဲ့ သူ့အမေ အန်ရ်ဒါ ဇယ်လီရ အသက် ၄၇ နှစ်တို့ ပါဝင်ပါတယ်။
အဆိုပါ မတော်တဆမှုမှာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ နှစ်အရွယ် ကလေးတဦးပါဝင်ကာ ပြင်းထန်တဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
အာဖရိကပျားတွေဟာ ပိုမိုခုခံကာကွယ်တတ်ကြပြီး တခြားမျိုးစိတ် ပျားတွေထက် လူကို တုံ့ပြန်ဖို့ ပိုမိုမြန်ဆန်ပါတယ်။
အာဖရိကပျားတွေကြောင့် လူပေါင်း ၁,၀၀၀ ခန့် သေဆုံးခဲ့ပြီး ပျားတုပ်ခံရသူတွေဟာ ဥရောပပျားတွေထက် ၁၀ ဆ ပိုမိုပြင်းထန်စွာ ခံစားရပါတယ်။
Source - Sky News