close

နီကာရာဂွါတွင် တိမ်းမှောက်ခဲ့သည့် ဘတ်စ်ကားခရီးသည်များ ပျားတုပ်ခံရပြီး ၆ ဦး သေဆုံး

နီကာရာဂွါနိုင်ငံမှာ ဂျီနိုတီဂါကနေ ဆန်ဆဘေးရှန်ဒီရလီကို ထွက်ခွာလာတဲ့ ခရီးသည် ၆၀ လောက် လိုက်ပါလာတဲ့ ဘတ်စ်ကားတစီးဟာ အာဖရိကပျားအုံတွေရှိတဲ့ ဧရိယာမှာ ကားမှောက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လူသတ်ပျားလို့ လူသိများတဲ့ အာဖရိကပျားတွေဟာ ကားပေါ်က ခရီးသည် ၄၅ ယောက်ကို တုပ်ခဲ့ပါတယ်။

မီးသတ်ဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ ရောက်မလာခင်မှာ ဒေသခံတွေက ခရီးသည်တွေကို ကူညီကယ်ဆယ်ခဲ့ကြပါတယ်။

မေ ၈ ရက်နေ့မှာ ပျားဆိပ်တက်ပြီး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ကနဦး သတင်းရရှိခဲ့ပြီး နောက်ထပ် ၂ ဦးဟာ ဆေးရုံကိုပို့ဆောင်ပြီးနောက် သေဆုံးခဲ့ကြောင်း ထုတ်ဖော်ပြောကြားပါတယ်။

ပျားဆိပ်တက်လို့ သေဆုံးသွား‌သူတွေထဲမှာ အသက်၈ နှစ်အရွယ် အန်ဒရာ ကယ်ရိုလီနာနဲ့ သူ့အမေ အန်ရ်ဒါ ဇယ်လီရ အသက် ၄၇ နှစ်တို့ ပါဝင်ပါတယ်။

အဆိုပါ မတော်တဆမှုမှာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ နှစ်အရွယ် ကလေးတဦးပါဝင်ကာ ပြင်းထန်တဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

အာဖရိကပျားတွေဟာ ပိုမိုခုခံကာကွယ်တတ်ကြပြီး တခြားမျိုးစိတ် ပျားတွေထက် လူကို တုံ့ပြန်ဖို့ ပိုမိုမြန်ဆန်ပါတယ်။

အာဖရိကပျားတွေကြောင့် လူပေါင်း ၁,၀၀၀ ခန့် သေဆုံးခဲ့ပြီး ပျားတုပ်ခံရသူတွေဟာ ဥရောပပျားတွေထက် ၁၀ ဆ ပိုမိုပြင်းထန်စွာ ခံစားရပါတယ်။

Source - Sky News

Up