ရုရှား တာဝေးပစ် ဗုံးကြဲလေယာဉ် ၈ စင်းဟာ အော့ခ် ဟော့ထ်စ်ခ် ပင်လယ်နဲ့ ဂျပန်ပင်လယ်ရှိ ကြားပိုင်နက်ရေပြင်တွေပေါ်မှာ ပျံသန်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်မှာ ပြောပါတယ်။
အဲဒီလေယာဉ်ဟာ ရုရှား-ပစိဖိတ် ရေယာဉ်စုရဲ့ တပ်ဖွဲ့တွေကို လေကြောင်းထောက်ပံ့မှု ပေးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ကော်ဗက်ထ် အသေးစားစစ်သင်္ဘောတစီးနဲ့ ပိုသေးငယ်တဲ့ ရေငုပ်သင်္ဘောဖျက် ရေယာဉ်တွေ အပါအဝင် ပစိဖိတ် ရေတပ်တာဝန် တပ်ဖွဲ့ဟာ ဧပြီ ၁၈ ရက်က ဂျပန်ပင်လယ်ပြင်မှာ ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာနက အစောပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၁၄ ရက်နေ့က စတင်ကာ ၂၂ ရက်နေ့အထိ ကြာမြင့်မယ့် လေ့ကျင့်ရေးအမျိုးအစားတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ သမ္မတ ဗလာဒီမာ ပူတင် အမိန့်ပေးခဲ့တဲ့ ပစိဖိတ်ဒေသရှိ ရုရှားတပ်ဖွဲ့တွေရဲ့ လျှပ်တပြက် ပြန်လှန်လေ့ကျင့်မှု တစိတ်တပိုင်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးအနီးရှိ အငြင်းပွားကျွန်းတွေအနီးမှာ ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် တိုကျိုက ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟိရိုကာဇု မတ်ဆုနိုက ဧပြီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ဧပြီ ၁၈ ရက်မှ ၂၂ ရက်အထိ အငြင်းပွားကျွန်းတွေအနီးမှာ ဒုံးကျည်လေ့ကျင့်မှုတွေကို ပြုလုပ်မှာဖြစ်ကြောင်း တိုကျိုကို အသိပေးထားတယ်လို့လည်း မတ်ဆုနိုက ပြောပါတယ်။
အဲကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) နဲ့ မြန်မာအဲဝေးစ်အင်တာနေရှင်နယ်လေကြောင်း လိုင်း (MAI) တို့ အကျိုးတူပူးပေါင်းကာ ရန်ကုန်၊ မန္တလေးမြို့တွေနဲ့ အနောက်ဘက် ရခိုင်ပြည်နယ်မြို့ ၃ မြို့ဆီ လေကြောင်းခရီးစဉ်တွေကို ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။
ဒီလေကြောင်းခရီးစဉ်တွေကိုတော့ လာမယ့် ဧပြီ ၉ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ပျံသန်း ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။
ပြေးဆွဲသွားမယ့် ခရီးစဉ်တွေထဲမှာတော့ ရန်ကုန်-စစ်တွေ-ရန်ကုန်၊ ရန်ကုန်-သံတွဲ-ရန်ကုန်၊ ရန်ကုန်-ကျောက်ဖြူ-ရန်ကုန်၊ ရန်ကုန်-စစ်တွေ-သံတွဲ-ရန်ကုန်၊ ရန်ကုန်-သံတွဲ-မန္တလေး-သံတွဲ- ရန်ကုန်၊ ရန်ကုန်-မန္တလေး-သံတွဲ-ရန်ကုန်၊ ရန်ကုန်-သံတွဲ-မန္တလေး-ရန်ကုန် ခရီးစဉ်တွေ ပါဝင်ပြီး E190 ၊ ATR လေယာဉ်တွေနဲ့ ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။
ခရီးစဉ်လက်မှတ်တွေကိုတော့ သက်ဆိုင်ရာ လက်မှတ်အရောင်းကိုယ်စားလှယ်တွေအပါအ ဝင် Air KBZ ရဲ့ Website, Mobile App နဲ့ K7Chatbot တို့ကတဆင့်လည်း ကိုယ်တိုင်ဝယ်ယူ နိုင်မှာ ဖြစ်ပါတယ်။