close

ပြင်ဆင်လေ့ကျင့်

close

June 20, 2021

တိုကျိုအိုလံပစ်အတွက် ပို့ဆောင်ရေးပိုင်း ပြင်ဆင်လေ့ကျင့်

ဂျပန်နိုင်ငံရဲ့ မြို့တော်တိုကျိုမှာ အိုလံပစ် ၂၀၂၀အတွက် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေ ကျင်းပချိန် သယ်ယူပို့ဆောင်ရေးအတွက် ပြင်ဆင်တဲ့ အနေနဲ့ ဇွန် ၂၀ ရက်မှာ လေ့ကျင့်နေကြပါတယ်။

တိုကျို ၂၀၂၀ စီစဉ်ရေးကော်မတီက ဝန်ထမ်းအယောက် ၇၅၀ ဟာ အားကစားသမားတွေ အဖြစ် သရုပ်ဆောင်ပြီး အိုလံပစ်နဲ့ မသန်စွမ်း အိုလံပစ် ရွာတွေမှာ ဘတ်စ်ကား အစီး ၈၀ကို စီးခဲ့ကြပါတယ်။

အဲဒီနောက် ဂျပန်အမျိုးသားအားကစားရုံကို သန်းခေါင်ကျော် မနက် ၁ နာရီ မထိုးခင် ထွက်လာခဲ့တာပါ။

တခြားဘတ်စ်ကား ၆၂ စီးကတော့ မီဒီယာစင်တာနဲ့ အိုလံပစ် အရာရှိတွေနေမယ့် ဟိုတယ်တို့ကနေ သီးခြားစီ မောင်းထွက် လာခဲ့ကြပါတယ်။

“အိုလံပစ်ပွဲနဲ့ ပတ်သက်သမျှ လူတွေအားလုံး ဇူလိုင် ၂၃ ရက်မှာ ဖွင့်ပွဲ အခမ်းအနားအတွက် အိုလံပစ်အားကစားရုံမှာ စုရပ်အဖြစ်ရောက်ရမယ်။ အဲဒီနေ့မှာ သယ်ယူပို့ဆောင်ရေးက အရေးကြီးတာကြောင့် ပုံမှန်ဖြစ်တာ သေချာစေဖို့ ကျနော်တို့  တာဝန်ပဲ” လို့  တိုကျိုအိုလံပစ် ၂၀၂၀ သယ်ယူပို့ဆောင်ရေး ဗျူရိုရဲ့ အကြီးတန်းဒါရိုက်တာ ခတ်စုဟိဆ ဆာ့အိတိုက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် တစ်နှစ်လောက် အချိန် နှောင့်နှေးခဲ့ရတဲ့ အိုလံပစ် ပွဲတော်ကို နိုင်ငံခြားသားပွဲကြည့်ပရိသတ်တွေ တက်ရောက်ခွင့် တားမြစ်ပိတ်ပင် ထားပါတယ်။

ဒါပေမဲ့  အားကစားရုံတွေမှာ ဂျပန်ပွဲကြည့်ပရိသတ်တွေ တက်ရောက် ကြည့်ရှုခွင့် ပေးမပေး ဆုံးဖြတ်ဖို့ ပွဲစီစဉ်သူတွေနဲ့ အစိုးရတို့ လချီ အချိန်ယူခဲ့ရပါတယ်။ ဒီကိစ္စကို  လာမယ့် သီတင်းပတ် အစောပိုင်းမှာ ဆွေးနွေးဖို့ တိုကျိုအိုလံပစ် ပွဲစီစဉ်သူတွေက မျှော်မှန်းထားပါတယ်။

4 mins Ago

January 11, 2021

ဗီလာနှင့်ပွဲအတွက်  ပြင်ဆင်လေ့ကျင့်နေဟု  စပါးနည်းပြ မော်ရင်ဟို ပြော

အက်စ်တန်ဗီလာနဲ့ပွဲအတွက် ပြင်ဆင်နေပြီး ဘယ်သူကမှ ပွဲရွှေ့ဆိုင်းမယ်လို့ အကြောင်း မကြားထားဘူးလို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။  အက်စတန်ဗီလာစီနီယာအသင်းသားတချို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် လီဗာပူးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာ ဗီလာအသင်းက ယူ ၂၃ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။  အသင်းကြီးက ကစားသမားတွေအားလုံး သီးသန့်နေထိုင်နေရပြီး  ဇန်နဝါရီ ၁၄ ရက်မှာ ကစားမယ့် စပါးနဲ့ ပွဲစဉ်က စီစဉ်ထားတဲ့အတိုင်း ကစားဖြစ်ဖို့ မသေမချာ ဖြစ်နေတာပါ။  စပါးနည်းပြ မော်ရင်ဟိုကတော့ ပွဲစဉ်ရွှေ့ဆိုင်းတာမျိုး ထပ်မလုပ်ဖို့ အင်္ဂလန်အက်ဖ်အေကို တိုက်တွန်းထားပြီး ဗီလာနဲ့ပွဲအတွက်လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ အက်စ်တန်ဗီလာနဲ့ပွဲကို ရွှေ့ဆိုင်းမယ်လို့လည်း ဘယ်သူကမှလည်း အကြောင်းကြားတာမျိုး မရှိတဲ့အတွက် အဲဒီပွဲစဉ်အတွက် စတင်ပြင်ဆင်လေ့ကျင့်တော့မယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ 
5 months Ago
Up