အမေရိကန်အစိုးရကို လွှမ်းမိုးဖို့ရည်ရွယ်ပြီး ပြည်ပစည်းရုံးလှုံ့ဆော်မှုတွေ ဆက်တိုက်လုပ်ဖို့ မလေးရှားဘဏ္ဍာရေး ထောက်ပံ့သူတွေနဲ့ ပူးပေါင်းကြံစည်မှု ရာဇ၀တ်မှုဆိုင်ရာ စွဲချက်နဲ့ The Fugees ဟစ်ဟော့အဖွဲ့က ဂရမ်မီဆုရ ရက်ပ်ပါ ပရာကက်ဇယ် ပရက်စ်မစ်ရှဲကို ဧပြီ ၂၆ရက်မှာ တရားရုံး ခုံသမာဓိ ဂျူရီလူကြီးတွေက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဝါရှင်တန်မြို့တော်က ဖက်ဒရယ်တရားရုံးမှာ ပြစ်ဒဏ်ချမှတ်မှုဟာ နိုင်ငံရေး ရောနှော နှောင့် ယှက်မှုတွေ ပြည့်နှက်နေပြီး ဟောလိဝုဒ်မင်းသား လီယိုနာဒိုဒီကာပရီယိုနဲ့ အမေရိကန် ရှေ့နေချုပ်ဟောင်း ဂျက်ဖ်ဆက်ရှင်တို့ အပါအဝင် ထင်ရှားတဲ့ သက်သေတွေကို ရုံးတင်စစ်ဆေး အပြီးမှာ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
မီရှဲလ်က သူ့အမှုကို ခုခံကာကွယ်ဖို့ သက်သေထွက်ဆိုနေချိန် အစိုးရရှေ့နေတွေရဲ့ အပြန်အလှန် စစ်ဆေးမှုကို ခံနိုင်ရည်ရှိခဲ့ပါတယ်။
မစ်ရှဲဟာ နိုင်ငံခြားအစိုးရရဲ့ အေးဂျင့်တစ်ဦးအဖြစ် ပူးပေါင်းကြံစည်မှု၊ မျက်မြင်သက်သေအဖြစ် လက်ဝါးကြီးအုပ်မှုနဲ့ ကမ်ပိန်းဘဏ္ဍာရေးမှတ်တမ်းတွေကို လိမ်လည်မှုတို့နဲ့ စွဲချက်တင်ခံခဲ့ရတာပါ။
သမ္မတ ဘားရတ် အိုဘားမားနဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ အုပ်ချုပ်ရေးပိုင်းကို သြဇာလွှမ်းမိုးဖို့ မလေးရှားစီးပွားရေး လုပ်ငန်းရှင်ဂျိုလိုနဲ့အတူ ကြံစည်နေတယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲ လိုက်ပါတယ်။
မလေးရှားရဲ့ 1MDB ဓနရန်ပုံငွေကနေ ဒေါ်လာ ၄ ဘီလီယံခွဲ အလွဲသုံးစားလုပ်ခဲ့တဲ့ ဂျိုလိုဟာလည်း နယူးယောက်မြို့မှာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး ထွက်ပြေး လွတ်မြောက် နေဆဲပါ။
The Fugees အမေရိကန် ဟစ်ဟော့ပ်တေးဂီတအဖွဲ့ဟာ သူတို့ရဲ့ ရောင်းအားအကောင်းဆုံး ၁၉၉၆ အယ်လ်ဘမ် "The Score" အတွက် ဂရမ်မီဆုနှစ်ဆု ရရှိခဲ့တာပါ။
၂၀၁၂ ခုနှစ်မှာတော့ မစ်ရှဲဟာ ငွေကြေးအဆမတန်လိုအပ်နေပြီး နာမည်ကြီးတွေကို ငွေအမြောက်အမြားပေးတယ်လို့ လူသိများတဲ့ ဂျိုလိုကတဆင့် အဖြေတစ်ခု တွေ့ခဲ့တယ်လို့ အစိုးရရှေ့နေ တွေက ပြောပါတယ်။
မစ်ရှဲဟာ အိုဘားမားရဲ့ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာ ဒေါ်လာသန်းပေါင်းများစွာ လက်ခံရယူဖို့ အလဲအလှယ်အနေနဲ့ ဒေါ်လာ ၂ သန်းလောက် သွင်းဖို့ကို သဘောတူခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ဖက်ဒရယ်ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံခြားသားတွေ အမေရိကန်မဲဆွယ်ပွဲတွေဆီ မလှူဖို့ တားမြစ်ထားလို့ မစ်ရှဲက ရန်ပုံငွေရင်းမြစ်ကို ဖုံးကွယ်ပေးခဲ့တာလို့ အစိုးရရှေ့နေက ပြောခဲ့ပါတယ်။
မစ်ရှဲဟာ 1MDB အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး ဂျိုလိုကို အရပ်ဘက်နဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကနေ ဖယ်ရှားဖို့ ထရမ့်ခေတ်တရားရေးဌာနကို စည်းရုံးဖို့ ကြိုးပမ်းနေခဲ့တယ်။
တရုတ်ဘီလီယံနာနဲ့ အတိုက်အခံခေါင်းဆောင် ကို့ဝမ်ကွေ့ကို တရုတ်နိုင်ငံဆီ ပြန်ပို့ရေး အမေရိကန်အစိုးရကို စည်းရုံးဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲခံထား ရပါတယ်။
ဒါ့အပြင် ၂၀၁၂ ခုနှစ် ၉ လတာ ကာလအတွင်း ဂျိုလိုဆီကနေ ဒေါ်လာ သန်း၂၀ ယူခဲ့တာဟာ အိုဘားမားနဲ့ ဓာတ်ပုံတွဲ ရိုက်ခွင့်ရစေဖို့ ကူညီပေးခဲ့တာလို့ မစ်ရှဲက ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ဖို့ ပြိုင်ဘက်အသင်းကြီးတွေက တွန်းအားပေး နေတယ်လို့သိရပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း ၁၀၀ ကျော်တဲ့အထိ ချိုးဖောက်ခဲ့တာကြောင့်ပရီးမီးယားလိဂ်က အရေးယူဖို့ စတင်လုပ်ဆောင်နေတာပါ။
ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့အထိ ရှိနေပြီး အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ဖို့လည်းရှိပါတယ်။
စကိုင်းစပေါ့သတင်းမှာဖော်ပြချက်အရ ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ စပါး၊ လီဗာပူးနဲ့ မန်ယူအသင်းတို့ဟာ မန်စီးတီးအသင်းကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ဖို့ တိုက်တွန်းနေတယ်လို့ဆိုပါတယ်။
မန်စီးတီးဘက်ကတော့ ပရီးမီးယားလိဂ်ရဲ့ စွပ်စွဲချက်အပေါ် အံ့အားသင့်မိပြီး စုံစမ်းစစ်ဆေးခံဖို့အသင့်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။