မန်စီးတီးကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ရန် ပြိုင်ဘက်အသင်းကြီးများ တွန်းအားပေး

3
မန်စီးတီးအသင်းကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ဖို့ ပြိုင်ဘက်အသင်းကြီးတွေက တွန်းအားပေး နေတယ်လို့သိရပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း ၁၀၀ ကျော်တဲ့အထိ ချိုးဖောက်ခဲ့တာကြောင့်ပရီးမီးယားလိဂ်က အရေးယူဖို့ စတင်လုပ်ဆောင်နေတာပါ။
ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့အထိ ရှိနေပြီး အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ဖို့လည်းရှိပါတယ်။
စကိုင်းစပေါ့သတင်းမှာဖော်ပြချက်အရ ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ စပါး၊ လီဗာပူးနဲ့ မန်ယူအသင်းတို့ဟာ မန်စီးတီးအသင်းကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ဖို့ တိုက်တွန်းနေတယ်လို့ဆိုပါတယ်။
မန်စီးတီးဘက်ကတော့ ပရီးမီးယားလိဂ်ရဲ့ စွပ်စွဲချက်အပေါ် အံ့အားသင့်မိပြီး စုံစမ်းစစ်ဆေးခံဖို့အသင့်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။