ဂျူဗင်တပ်အသင်းချမှတ်ခံထားရတဲ့ ၁၅ မှတ်လျှော့ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်လိုက်တာ ကြောင့် အဆင့်သုံးနေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းကို အပြောင်းအရွှေ့တွေမှာ စာရင်းအမှားတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ ပြစ်ချက်နဲ့ ၁၅ မှတ်လျော့ပြစ်ဒဏ်ချခဲ့တာဖြစ်ပြီး အသင်းဘက်က အယူခံပြန်တင်ခဲ့တာပါ။
ဒါပေမဲ့ အသင်းဒါရိုက်တာ ၁၁ ဦးအပေါ် ချမှတ်ထားတဲ့ ကာလရှည် ပွဲပယ်ပြစ်ဒဏ်တွေကိုတော့ ပယ်ဖျက်ရခြင်းမရှိခဲ့ဘဲ ဆက်လက် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းဟာ ၁၅ မှတ်လျှော့ပြစ်ဒဏ်ကြောင့် အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ရပေမဲ့ ပြန်လည် ပယ်ဖျက်လိုက်ပြီးနောက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမဲ့ အဆင့် သုံးနေရာကို ပြန်လည် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း သက်သေပြနိုင်ခဲ့ရင် မန်စီးတီးအသင်းကို တန်းဆင်းကစားဖို့ ပြစ်ဒဏ်ချမှတ်ရမယ်လို့ အသင်းရဲ့ ဘဏ္ဍာရေးအကြံပေးဟောင်း စတက်ဖန် ဘော်ဆန် ကပြောပါတယ်။
လက်ရှိအချိန်မှာရှေ့နေလုပ်နေတဲ့ ဘဏ်လုပ်ငန်းအရာရှိဟောင်း စတက်ဖန်ဘော်ဆန်ဟာ တချိန်က မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြံပေးတာဝန်ယူခဲ့ ဖူးသူပါ။ အသင်းဟောင်းမန်စီးတီးအသင်းကို သတိပေးမှုအနေနဲ့ ဖြစ်ဖြစ် အရေးယူမှုလုပ်တဲ့အခါမှာ တန်းဆင်းကစားစေတဲ့ ပြစ်ဒဏ်ဆီဦးတည်ရမယ်လို့ ဘော်ဆန်က ပြောပါတယ်။
ပရီးမီးယားလိဂ်ဘက်က စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ မန်စီးတီးအသင်းကို စစ်ဆေးမှုတွေလုပ် ဆောင်ပြီး အနည်းဆုံးပြစ်ဒဏ်အနေနဲ့ အမှတ်လျှော့ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း လေ့လာသူတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။