close

ပြည်မြို့ အကျဉ်းထောင်

close

January 4, 2023

ပြည်မြို့အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၇ ဦး အပါအဝင် ၉၉ ဦးပြန်လွတ်

၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ ပြည်အကျဉ်းထောင်ကနေ  သတင်းထောက်တယောက်၊ နိုင်ငံရေးအကျဉ်းသား ၁၇ ယောက်အပါအဝင် အကျဉ်းသား စုစုပေါင်း ၉၉ ယောက်ကို  ဒီနေ့ ဇန်နဝါရီ ၄ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းက သိရပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ ပုဒ်မ (၅၀၅) နိုင်ငံရေးပုဒ်မနဲ့ အဖမ်းခံရသူ ၁၈ ယောက်ပဲပါဝင်ပြီး  လွတ်ရက်စေ့ခါနီးလူတွေကိုပြန်လွှတ်ပေးလိုက်တာဖြစ်သလို ပြန်လွတ်လာသူ အများစုက ခိုးမှု၊ ၊ ဆေးမှုတွေနဲ့ ဆိုင်ကယ်လိုင်စင်ကြောင့် အဖမ်းခံထားရသူတွေဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က ‘မနေ့ကတည်းက သူတို့လာပြောတာ လွတ်မယ့်အထဲမှာပါတယ်ဆိုလို့ မနက် ၈ နာရီလောက်ကတည်းက ပြည်ထောင်ရှေ့မှာ သွားစောင့်နေတာ၊ လာစောင့်နေကြတာလူတွေ အများကြီးပဲ၊ သူတို့ လွှတ်မဲ့သူအားလုံးကို အဆောင်တွေကနေ မနက်တည်းက ထုတ်လာပြီး မိန်းဂျေးမှာ ထိုင်နေရတာ အမိန့်မလာသေးလို့လည်း ပြောတယ်။ ဗိုလ်ရှုသဘင်ပြီးမှ လွှတ်မယ်ဆိုပြီး ထိုင်စောင့်နေရတာ။ တကယ်လွှတ်တော့ နေ့လယ် ၂ နာရီခွဲလောက်မှ လွှတ်တယ်” လို့ပြောပါတယ်။ 

၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်တွေရှိ အကျဉ်းသားပေါင်း ၇၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်  နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

1 min Ago
Up