close

ပြည်မြို့အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၈ ဦး အပါအဝင် ၉၉ ဦးပြန်လွတ်

၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ ပြည်အကျဉ်းထောင်ကနေ  သတင်းထောက်တယောက်၊ နိုင်ငံရေးအကျဉ်းသား ၁၈ ယောက်အပါအဝင် အကျဉ်းသား စုစုပေါင်း ၉၉ ယောက်ကို  ဒီနေ့ ဇန်နဝါရီ ၄ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းက သိရပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ ပုဒ်မ (၅၀၅) နိုင်ငံရေးပုဒ်မနဲ့ အဖမ်းခံရသူ ၁၈ ယောက်ပဲပါဝင်ပြီး  လွတ်ရက်စေ့ခါနီးလူတွေကိုပြန်လွှတ်ပေးလိုက်တာဖြစ်သလို ပြန်လွတ်လာသူ အများစုက ခိုးမှု၊ ၊ ဆေးမှုတွေနဲ့ ဆိုင်ကယ်လိုင်စင်ကြောင့် အဖမ်းခံထားရသူတွေဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က ‘မနေ့ကတည်းက သူတို့လာပြောတာ လွတ်မယ့်အထဲမှာပါတယ်ဆိုလို့ မနက် ၈ နာရီလောက်ကတည်းက ပြည်ထောင်ရှေ့မှာ သွားစောင့်နေတာ၊ လာစောင့်နေကြတာလူတွေ အများကြီးပဲ၊ သူတို့ လွှတ်မဲ့သူအားလုံးကို အဆောင်တွေကနေ မနက်တည်းက ထုတ်လာပြီး မိန်းဂျေးမှာ ထိုင်နေရတာ အမိန့်မလာသေးလို့လည်း ပြောတယ်။ ဗိုလ်ရှုသဘင်ပြီးမှ လွှတ်မယ်ဆိုပြီး ထိုင်စောင့်နေရတာ။ တကယ်လွှတ်တော့ နေ့လယ် ၂ နာရီခွဲလောက်မှ လွှတ်တယ်” လို့ပြောပါတယ်။ 

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ မဇင်မာဝင်း၊ ကိုအောင်ချိုဦး၊ ကိုအိန္ဒာနေမျိုး၊ ကိုဘိုတောက်၊ ကိုအာလူး၊ ကိုခင်မောင်ထွန်း၊ ကိုမိုးမိုက်မိုက်၊ သတင်းထောက် မောင်ကောင်း(အလင်းမြေ)၊ ဦးကယား၊ ဦးမြင့်လွင်၊ ဝိုင်းဝိုင်းလည်၊ မရီဝေနှင်းစက်၊ ကိုကျော်သူရဝင်း၊ ကိုအာလူးနဲ့ ကိုသန်းထိုက်အောင်ဘ(ခ) ကလေးလေး  စသူတွေပါဝင်ပါတယ်။

၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်တွေရှိ အကျဉ်းသားပေါင်း ၇၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်  နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up