close

ပြည်သူထောင်ချီဆန္ဒပြ

close

February 13, 2022

ဩစတြေးလျနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေး မထိုးမနေရအမိန့်ကို ပြည်သူထောင်ချီဆန္ဒပြ

ဩစတြေးလျနိုင်ငံရဲ့မြို့တော် ကန်ဘာရာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးမနေရအမိန့်ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်သူထောင်ချီ ဆန့်ကျင်ဆန္ဒပြခဲ့ပြီး မြို့တော်ရဲ့အဓိကလမ်းမတွေကို ပိတ်ဆို့ခဲ့ပါတယ်။ 

ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်က အကြမ်းဖက်မှုတွေမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ မေတ္တာရပ်ခံပါတယ်။

“ဆန္ဒပြသူတွေကို တောင်းဆိုတာက ဩစတြေးလျဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်၊ ဆန္ဒပြပိုင်ခွင့် ရှိတယ်၊ ဒါပေမဲ့  ဂုဏ်သိက္ခာရှိရှိ အေးအေးချမ်းချမ်း ပြုမူကြဖို့ပါ” လို့  သတင်းထောက်တွေကို  ပြောပါတယ်။ 

ဩစတြေးလျဟာ အခုလကုန်မှာ နိုင်ငံခြားခရီးသွားတွေကို စတင်ဝင်ခွင့်ပေးတော့မှာပါ။

အသက် ၁၆ နှစ်အထက် ၉၄ ရာခိုင်နှုန်းက ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသားပါ။ ဒါပေမဲ့ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုလှိုင်း ဝင်နေတာကြောင့် ဖေဖော်ဝါရီ ၁၂ ရက်က တနိုင်ငံလုံးမှာ လူ ၆၄ ဦး သေဆုံးခဲ့ပါတယ်။

14 hours Ago

November 30, 2020

ထိုင်းဘုရင်ကိုယ်ရံတော်တပ်ဖွဲ့ခွဲ ဌာနချုပ်ရှေ့တွင် ပြည်သူထောင်ချီဆန္ဒပြ

ထိုင်းဘုရင်က စစ်တပ်တချို့ကို ကိုယ်တိုင် ထိန်းချုပ်ကွပ်ကဲတဲ့အပေါ် စိန်ခေါ်ဖို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး ထောင်ချီတဲ့ ဆန္ဒပြသူတွေ နိုဝင်ဘာ ၂၉ ရက်က စစ်တန်းလျားတွေဆီကို ချီတက်ခဲ့ကြပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်ကို မဝေဖန်ကောင်းဘူးဆိုတဲ့ အစဉ်အလာ ဓလေ့ထုံးတမ်းကို ချိုးဖောက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေက ဘုရင် ဝဂျီရာလောင်ကွန်းကို အာခံဆန့်ကျင်တဲ့ နောက်ဆုံး လုပ်ရပ်လည်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲရဲ့ သင်္ကေတဖြစ်တဲ့ လေမှုတ်ဘဲရုပ်ကြီးတွေကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ ဘုရင့်ကိုယ်ရံတော် တပ်ဖွဲ့ခွဲ ဖြစ်တဲ့ အမှတ်-၁၁ ခြေလျင်တပ်ရင်း ဌာနချုပ် ဝင်ပေါက်တွေမှာ ရပ်ရင်း ဆန္ဒပြကြပါတယ်။ ဒီစစ်တပ်ဟာ ၂၀၁၀ ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ အခန်းကဏ္ဍ တရပ်ကနေ ပါဝင်ခဲ့ဖူးပါတယ်။ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ဆန္ဒပြသူတွေကို တံခါးဝမှာ ပိတ်ဆို့ထားပါတယ်။ ဘုရင့် ကိုယ်ရံတော်တွေကို ထိန်းချုပ်မှုဟာ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိသင့်တယ်လို့ ကျောင်းသားခေါင်းဆောင် ပါရစ်ချီဝါရတ်ခ်က ပြောပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်ချီ စစ်တပ်လွှမ်းမိုးနိုင်စွမ်းဟာ စည်းမျဉ်းခံဘုရင်စနစ်ကြောင့်လို့လည်း ဆန္ဒပြသူတွေက စွပ်စွဲပါတယ်။ ထိုင်းနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်အပြီး ၁၉၃၂ ခုနှစ်ကနေ ခုထိ အောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ၁၃ ကြိမ် ရှိခဲ့ပါတယ်။ အခုလည်း အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်းနဲ့ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာ ရာထူးက နုတ်ထွက်ရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုဆန္ဒပြနေကြတာ ဇူလိုင်လကတည်းကပါ။ နောက်ပိုင်းမှာ ဘုရင့်ရဲ့သြဇာကို ထိန်းချုပ်ကန့်သတ်ဖို့ကိုပါ ဆန္ဒပြသူတွေက ပိုတိုး တောင်းဆိုခဲ့ကြပါတယ်။
1 year Ago
Up