close

ဩစတြေးလျနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေး မထိုးမနေရအမိန့်ကို ပြည်သူထောင်ချီဆန္ဒပြ

ဩစတြေးလျနိုင်ငံရဲ့မြို့တော် ကန်ဘာရာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးမနေရအမိန့်ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်သူထောင်ချီ ဆန့်ကျင်ဆန္ဒပြခဲ့ပြီး မြို့တော်ရဲ့အဓိကလမ်းမတွေကို ပိတ်ဆို့ခဲ့ပါတယ်။ 

ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်က အကြမ်းဖက်မှုတွေမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ မေတ္တာရပ်ခံပါတယ်။

“ဆန္ဒပြသူတွေကို တောင်းဆိုတာက ဩစတြေးလျဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်၊ ဆန္ဒပြပိုင်ခွင့် ရှိတယ်၊ ဒါပေမဲ့  ဂုဏ်သိက္ခာရှိရှိ အေးအေးချမ်းချမ်း ပြုမူကြဖို့ပါ” လို့  သတင်းထောက်တွေကို  ပြောပါတယ်။ 

ဩစတြေးလျဟာ အခုလကုန်မှာ နိုင်ငံခြားခရီးသွားတွေကို စတင်ဝင်ခွင့်ပေးတော့မှာပါ။

အသက် ၁၆ နှစ်အထက် ၉၄ ရာခိုင်နှုန်းက ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသားပါ။ ဒါပေမဲ့ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုလှိုင်း ဝင်နေတာကြောင့် ဖေဖော်ဝါရီ ၁၂ ရက်က တနိုင်ငံလုံးမှာ လူ ၆၄ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up