close

ပြုပြင်ပြောင်းလဲရေး

close

March 22, 2023

လန်ဒန်ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရန် ဖိအားပေးခံနေရ

ဗြိတိန်နိုင်ငံက လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ဟာ အဖွဲ့အစည်းအလိုက် လူမျိုးရေးခွဲခြားပြီး အလွဲသုံးစားလုပ်တာ၊ လိင်တူစုံမက်သူတွေကို မုန်းတာတွေတယ်ဆိုပြီး အစီရင်ခံစာထွက်လာပြီးနောက် ဗြိတိန်ရဲ့ အကြီးဆုံးရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့  ဖိအားပေးခံနေရပါတယ်။

မုဒိမ်းကျင့်သတ်ဖြတ်မှုအတွက် ရဲအမှုထမ်းအရာရှိတဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပြီးတဲ့နောက် တနိုင်ငံလုံးကို ထိတ်လန့်စေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ အဲဒီအချိန်က ရဲတပ်ဖွဲ့အကြီးအကဲ ခရက်စီဒါ ဒစ်ခ်က ၂၀၂၁ ခုနှစ်မှာ တာဝန်ပေးခဲ့ပါတယ်။

ပြန်လည်သုံးသပ်မှုကို ဦးဆောင်တဲ့ အထက်လွှတ်တော်အမတ် လူဝီကေစီက အစွန်းရောက်  ပြုပြင်ပြောင်းလဲမှု လိုအပ်နေတဲ့ ရဲတပ်ဖွဲ့ထဲမှာ ဆိုးဆိုးရွားရွား ပျက်ကွက်မှုတွေကို တွေ့ရှိခဲ့တာပါ။

“ကျယ်ကျယ်ပြန့်ပြန့် အနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှု၊ လိင်တူစုံမက်သူတွေအပေါ် အဖွဲ့အစည်းလိုက် မုန်းတီးမှု၊ အမျိုးသမီးတွေအပေါ် အရိုးစွဲနေတဲ့ အထင်သေးမှု၊ လူမျိုးရေးခွဲခြားမှု၊ တခြား လက်မခံနိုင်တဲ့ အပြုအမူတွေကို ကျနော်တို့ တွေ့ရှိခဲ့တယ်” လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လူမည်း ဆယ်ကျော်သက် စတီဖင်လောရန့်စ်ကို သတ်ဖြတ်မှုနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းမှုအပြီး ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ဒီဖြစ်ရပ် ပေါ်ပေါက်လာတာပါ။

ဗြိတိန်ရဲ့ ဝါအရင့်ဆုံး ရဲအရာရှိနဲ့ ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး မာ့ခ် ရော်လေက “လန်ဒန်မြို့ခံတွေကို ကျနော်တို့ ကူညီထောက်ပံ့ဖို့ ပျက်ကွက်ခဲ့တယ်။ ကျနော်တို့ဟာ ကိုယ့် ရှေ့တန်းစစ်မျက်နှာကို ထောက်ပံ့ဖို့လည်း ပျက်ကွက်ခဲ့တယ်။ ဒီအစီရင်ခံစာဟာ ဒါကို ကွက်ကွက်ကွင်းကွင်း ချယ်မှုန်းပြခဲ့တယ်။ ကျနော် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်ကလည်း ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု အကြီးအကျယ် ပျက်စီးခဲ့ပြီလို့ ပြောခဲ့ပါတယ်။

“ကျနော်တို့ အခုလုပ်ဖို့လိုတာက ဒီအမှားမျိုး ထပ်မလုပ်ဖို့ပါ။ ကျနော်တို့က ပြည်သူ့ယုံကြည်မှုကို ပြန်ရနိုင်ပါတယ်။ ရဲကော်မရှင်နာမင်းကြီးက ဒီလိုလုပ်ဖို့ ကတိပြုထားတယ် ဆိုတာလည်း ကျနော်သိပါတယ်” လို့ ဆူးနကတ်ခ်က ဘီဘီစီရုပ်သံကို ပြောပါတယ်။

စာမျက်နှာ ၃၆၀ ပါတဲ့ အစီရင်ခံစာထဲမှာ ရဲတပ်ဖွဲ့ဟာ အားကောင်းတဲ့ ခေါင်းဆောင်မှု၊ အမျိုးသမီးကာကွယ်ရေး ဝန်ဆောင်မှုနဲ့ ကလေးသူငယ်ဆိုင်ရာ ဗျူဟာသစ် အပါအဝင် ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံချက်တွေကို လိုအပ်နေတယ်လို့ ပြောထားပါတယ်။

7 mins Ago

December 22, 2021

လက်ဘနွန် နိုင်ငံ့ခေါင်းဆောင်များ ပြုပြင်ပြောင်းလဲရေးလုပ်ရန် ကုလတိုက်တွန်း

လက်ဘနွန် နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ ပြည်သူကိုသာ အဓိကဦးစားပေးဖို့နဲ့ နှစ် ၃၀ အတွင်း စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး အဆိုးဆုံးအကျပ်အတည်းတွေကနေ တိုင်းပြည်ကို ကယ်တင်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ကြဖို့ လက်ဘနွန်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က  တိုက်တွန်းပါတယ်။

ဂုတားရဲ့စ်က လက်ဘနွန်သမ္မတ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ အရပ်ဘက်ခေါင်းဆောင်တွေ အားလုံးကို တွေ့ဆုံပြီး တိုင်းပြည်အကျပ်အတည်းကို နိုင်ငံရေးသမားတွေ အတူတကွ လက်တွဲ ဖြေရှင်းကြဖို့နဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို ကျော်လွှားကြဖို့အတွက် နိုင်ငံတကာအသိုင်းကလည်း ကူညီကြပေးဖို့  တောင်းဆိုပါတယ်။ 

“လက်ဘနွန်မှာ အုပ်စုအကွဲအပြဲတွေကြောင့် ရစရာမရှိအောင် ဖြစ်ခဲ့ရတယ်။ အစိုးရအဆက်ဆက်က တိုင်းပြည်ဘဏ္ဍာရေးကို တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိခဲ့ဘူး။ အခု လက်ဘနွန်ပြည်သူတွေက အာဏာရခေါင်းဆောင်တွေ အဂတိလိုက်စားမှုရပ်ဖို့၊ လူ့အခွင့်အရေးလေးစားဖို့၊ ပြုပြင်ပြောင်းလဲဖို့ကို  မျှော်လင့်နေတယ်” လို့ ဂုတားရဲ့စ်က ပြောပါတယ်။

လက်ဘနွန်မှာ ပြုပြင်ပြောင်းလဲရေးတွေ မဖြစ်တာကြောင့် နိုင်ငံခြားအကူအညီတွေ ကာလအတော်ကြာ ရပ်ဆိုင်းခဲ့ပြီး လက်ဘနွန်နိုင်ငံသားတွေ အဆိုးဆုံးအခြေနေတွေ ရင်ဆိုင်နေရတယ်လို့  သတိပေးခဲ့ပါတယ်။

1 year Ago
Up