close

ပြောင်းရွှေ့

close

January 21, 2023

ဘာစီလိုနာတိုက်စစ်မှူး ဒီပေး အက်သလက်တီကိုသို့ ပြောင်းရွှေ့ရန် နီးစပ်နေ

ဘာစီလိုနာတိုက်စစ်မှူး မန်းဖစ်စ် ဒီပေးဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ စပိန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီလက်အောက်မှာ အသင်းဂျာစီအရောင်နဲ့ လေ့ကျင့်ခန်းဆင်းနေတာကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။

အသက် ၂၈ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အက်သလက်တီကိုအသင်းဘက်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုရှိနေပြီး သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ စပိန်မီဒီယာတွေက ဆိုပါတယ်။

နှစ်သင်းစလုံးက ဒီအပြောင်းအရွှေ့အပေါ် တရားဝင်ကြေညာတာ မရှိသေးပေမဲ့ မန်းဖစ်ဟာ ကြာသပတေးနေ့က အက်သလက်တီကိုအသင်းရဲ့ လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပါတယ်။

အပြောင်းအရွှေ့က လာမယ့်နာရီပိုင်းအတွင်းမှာတင် အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားတာကြောင့် ဘာစီလိုနာအသင်းရဲ့ ခွင့်ပြုချက်နဲ့ ဒီလေ့ကျင့်ရေးကို လုပ်တာလို့ ကလပ်အသင်းက ပြောပါတယ်။

မန်းဖစ်ဟာ အက်သလက်တီကိုအသင်းနဲ့ ဆေးစစ်မှုအောင်မြင်ပြီးနောက် အနာဂတ် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးကွင်းမှာ ပူးပေါင်းခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ စပိန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီပေးအနေနဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဗယ်လာဒိုးလစ်အသင်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် လာမယ့်စနေနေ့ပွဲစဉ်မှာ အစောဆုံး ပါဝင်ကစားနိုင်ဖို့ အက်သလက်တီကို အသင်းဘက်က မျှော်လင့်ထားပါတယ်။

ဒီပေးဟာ အက်သလက်တီကိုအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို ၃ သန်း ရှိနိုင်တယ်လို့ စပိန်မီဒီယာတွေက ပြောပါတယ်။

ဒီပေးဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လကမှ အိုလံပစ်လိုင်ယွန် အသင်းကနေ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့  ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ ဘာစီလိုနာ အသင်းအတွက် ၄၂ ပွဲ ကစားပေးခဲ့ရာမှာ ၁၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မနှစ်က ပိုလန်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို ခေါ်ယူခဲ့ပြီးနောက်မှာ လက်ရှိနည်းပြ ဇာဗီနဲ့ အဆင်မပြေဖြစ်ပြီး ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ပါတယ်။

2 hours Ago

January 16, 2023

ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့နိုင်ခဲ့သည့်အပေါ် အလွန်ပျော်ရွှင်ကြောင်း မူဒရစ်ခ်ပြော

ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့တဲ့အပေါ် အလွန်ပျော်ရွှင်ကြောင်း ကစားသမားသစ်မူဒရစ်ခ်က ပြောပါတယ်။

အသက် ၂၂ နှစ်ရှိ ယူကရိန်းတောင်ပံတိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းဆီကို ပေါင် ၈၈ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကျောနံပါတ် ၁၅ ၀တ်ဆင်သွားမှာပါ။ 

အသင်းနဲ့ ၈ နှစ်ခွဲ စာချုပ်ချုပ်ဆိုအပြီးမှာတော့  ချဲလ်ဆီးအသင်းက ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပြီး ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အပေါ် အလွန်ပျော်ရွှင်ကြောင်းပြော သွားတာပါ။

ရှက်တာဒိုနက်ကြယ်ပွင့်ကို အာဆင်နယ်ကလည်း တရားဝင် ကမ်းလှမ်းမှုတွေ ၃ ကြိမ်လောက်ပြုလုပ်ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းက ကြိုက်ဈေးပေးပြီး ကြားဖြတ်ခေါ်ယူနိုင်ခဲ့တာပါ။

“ဒီအသင်းကအသင်းကြီးတစ်သင်းဖြစ်သလို လိဂ်ပြိုင်ပွဲကလည်း နှစ်သက်စရာကောင်းပါတယ်။ ဒါက ကျနော် ကစားသမားဘဝအတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်။ အသင်းဖော်သစ်တွေနဲ့ အမြန်ဆုံးတွေ့ချင်မိသလို နည်းပြဂရေဟမ်ပေါ်တာနဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ လက်အောက်မှာလည်း အလုပ်တွေ အတူတွဲလုပ်ရင်း ရှေ့ဆက်သွားချင်ပါတယ်”လို့ မူဒရစ်ခ်ကပြောပါတယ်။

ချဲလ်ဆီးဟာ ခရစ္စတယ်ပဲလေ့ကို အနိုင်ရတဲ့ပွဲ မတိုင်ခင်မှာ မူဒရစ်ကို ကွင်းထဲခေါ်ပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ 

5 days Ago
Up