close

ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့နိုင်ခဲ့သည့်အပေါ် အလွန်ပျော်ရွှင်ကြောင်း မူဒရစ်ခ်ပြော

ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့တဲ့အပေါ် အလွန်ပျော်ရွှင်ကြောင်း ကစားသမားသစ်မူဒရစ်ခ်က ပြောပါတယ်။

အသက် ၂၂ နှစ်ရှိ ယူကရိန်းတောင်ပံတိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းဆီကို ပေါင် ၈၈ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကျောနံပါတ် ၁၅ ၀တ်ဆင်သွားမှာပါ။ 

အသင်းနဲ့ ၈ နှစ်ခွဲ စာချုပ်ချုပ်ဆိုအပြီးမှာတော့  ချဲလ်ဆီးအသင်းက ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပြီး ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အပေါ် အလွန်ပျော်ရွှင်ကြောင်းပြော သွားတာပါ။

ရှက်တာဒိုနက်ကြယ်ပွင့်ကို အာဆင်နယ်ကလည်း တရားဝင် ကမ်းလှမ်းမှုတွေ ၃ ကြိမ်လောက်ပြုလုပ်ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းက ကြိုက်ဈေးပေးပြီး ကြားဖြတ်ခေါ်ယူနိုင်ခဲ့တာပါ။

“ဒီအသင်းကအသင်းကြီးတစ်သင်းဖြစ်သလို လိဂ်ပြိုင်ပွဲကလည်း နှစ်သက်စရာကောင်းပါတယ်။ ဒါက ကျနော် ကစားသမားဘဝအတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်။ အသင်းဖော်သစ်တွေနဲ့ အမြန်ဆုံးတွေ့ချင်မိသလို နည်းပြဂရေဟမ်ပေါ်တာနဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ လက်အောက်မှာလည်း အလုပ်တွေ အတူတွဲလုပ်ရင်း ရှေ့ဆက်သွားချင်ပါတယ်”လို့ မူဒရစ်ခ်ကပြောပါတယ်။

ချဲလ်ဆီးဟာ ခရစ္စတယ်ပဲလေ့ကို အနိုင်ရတဲ့ပွဲ မတိုင်ခင်မှာ မူဒရစ်ကို ကွင်းထဲခေါ်ပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up